လူတွေကို ကြောက်ပြီး လူတောမတိုးရဲတာက ရှက်တတ်တာထက် ပိုဆိုးပါတယ်။

Social phobia လို့ခေါ်တဲ့ လူကြောက်ရောဂါ ဒါမှမဟုတ် လူတောမတိုးရဲတာကို ဆယ်ကျော်သက် အရွယ်မှာ ဖြစ်လေ့ရှိတတ်ပါတယ်။

Photo: Red OAK

လူတွေနဲ့ တွေ့ရမှာ စိတ်ဆင်းရဲပြီး ကြောက်လန့်နေတဲ့အခြေအနေဟာ လူငယ်တစ်ယောက်ရဲ့ ဘဝအပေါ် အများကြီး အကျိုးသက်ရောက်မှုရှိပါတယ်။ တစ်ချို့ကတော့ အသက်ကြီးလာတာနဲ့အမျှ အလိုလိုအဆင်ပြေသွားပြီး ကုသမှုခံယူစရာမလိုတဲ့ အခြေအနေရှိတတ်ကြပါတယ်။

လူကြောက်ရောဂါ ခံစားနေရတဲ့သူတွေရဲ့ အပြုအမူများ 

လူတွေကို ကြောက်ပြီး လူတောမတိုးရဲတာက ရှက်တတ်တာထက် ပိုဆိုးပါတယ်။ အဲဒီအကျင့်က အလွယ်တကူနဲ့တော့ မပျောက်သွားဘဲ ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေ ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ၊ ပေါင်းသင်းဆက်ဆံရေးတွေကို ထိခိုက်နိုင်ပါတယ်။

လူတစ်ချို့နဲ့ တွေ့ဖို့ စိတ်လှုပ်ရှားတာ ကြောက်တာမျိုး လူတိုင်းမှာရှိတတ်ကြပေမယ့် လူကြောက်တတ်တဲ့သူက လူတွေနဲ့မတွေ့ခင်ရော ၊ တွေ့နေချိန်ရော ၊ တွေ့ပြီးချိန်ထိပါ စိတ်လှုပ်ရှား ကြောက်ရွံ့နေတာပါ။

-သူစိမ်းတွေနဲ့တွေ့ဖို့ ၊ စကားပြောဖို့ ၊ ဖုန်းပြောဖို့ ၊ အလုပ်တွဲလုပ်ဖို့ ၊ ဈေးဝယ်ဖို့ စတဲ့ နေ့စဉ်လူနေမှုဘဝမှာကို စိုးရိမ်နေခြင်း

-အုပ်စုဖွဲ့စကားဝိုင်းတွေ ၊ ပါတီပွဲတွေ စတဲ့ လူမှုရေးတွေ့ဆုံမှုတွေကို ကြောက်ရွံ့စွာ ရှောင်ခြင်း

-လူတွေနဲ့ဆုံတဲ့အခါ ရှက်ခြင်း ၊ ချွေးထွက်ခြင်း ၊ ကိုယ့်ကိုယ်ကို အယုံအကြည်မရှိခြင်း 

- ကိုယ့်ကို တစ်ယောက်ယောက်က ကြည့်နေတဲ့အခါ ဘာလုပ်ရမှန်းမသိဘဲ ငါ့ကို တစ်ယောက်ယောက်က ကြည့်နေတယ် ၊ အကဲဖြတ်နေတယ်လို့ တွေးခြင်း

- ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်ပြီး ဝေဖန်ခံရမှာ ၊ မျက်လုံးချင်းဆုံကြည့်ရမှာ ကြောက်ခြင်း

- မကြာခဏဖျားခြင်း၊ ချွေးထွက်ခြင်း၊ တုန်ခြင်း (သို့) နှလုံးခုန်ခြင်း (ရင်တုန်ခြင်း) ကဲ့သို့သောလက္ခဏာများရှိခြင်း

ဒါတွေဟာ လူတောမတိုးဘဲ လူကြောက်တတ်တဲ့သူတွေရဲ့ ပုံစံတွေဖြစ်ပြီး အဲဒီလို ကြောက်ရွံ့မှုက မိနစ်အနည်းငယ်ကြာမြင့်တတ်ပါတယ်။ဒီလိုလူကြောက်တတ်တဲ့သူတွေမှာ စိတ်ကျတာ ၊ စိတ်ဖိစီးတာ ၊ ထိတ်လန့်တာလို တခြားစိတ်ကျန်းမာရေး အခြေအနေတွေလည်း ရှိတတ်ပါတယ်

Photo: iStock

ဒီလိုလူကြောက်ရောဂါရှိတာကို ကုစားနိုင်ဖို့က မိမိကိုယ်ကို အရင်ကြိုးစားကြည့်နိုင်တဲ့ နည်းလမ်းတွေရှိပြီး ဒါတွေက ဆရာဝန်နဲ့ကုသမှုမလုပ်ခင် ကိုယ့်ဘာသာ ကြိုးစားနိုင်တဲ့ အရာတွေဖြစ်ပါတယ်။

- နေ့စဉ်ဒိုင်ယာရီရေးပြီး ကိုယ့်အပြုအမူတွေ ၊ ဘယ်လိုအခြေအနေမှာ ဘယ်လိုတုန့်ပြန်လိုက်တယ်ဆိုတာကို ပြန်စဉ်းစားပြီး ချရေးပါ။ ဒါဆို ကိုယ်က ဘယ်လိုအရာတွေကို ပိုပြီး စိုးရိမ်တတ်လဲဆိုတာ ကိုယ့်ကိုယ်ကို သတိပြုမိလာပါလိမ့်မယ်။

- စိတိဖိစီးကြောက်ရွံ့လာချိန်မှာ ဝင်လေထွက်လေမှတ်တာ ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ ၊ ကိန်းဂဏန်းတစ်ခုခုကို ရေတွက်ပြီး စိတ်မှာမှတ်ကြည့်ရင်လည်း စိတ်ငြိမ်လာနိုင်ပါတယ်။

- ခက်ခဲတယ်ဆိုတဲ့ အခြေအနေတွေကို အပိုင်းသေးသေးလေးတွေဖြစ်အောင် ခွဲခြမ်းတွေးပြီး တပိုင်းချင်းစီအလိုက် စိတ်သက်သာရာရအောင် ဖြည်းဖြည်းချင်း ကြိုးစားပါ။

- ကိုယ့်ဘာသာ အဆိုးတွေ ထင်မနေဘဲနဲ့ လူတွေက ဘာတွေပြောကြလဲ ၊ ဘယ်လိုဆက်ဆံနေကြလဲဆိုတာကို ပိုပြီး သတိပြုနေကြည့်ပါ။

Photo: Healthline

ဒီလိုပုံစံတွေက ကလေးတွေမှာလည်း ရှိတတ်ပြီး ကလေးတွေလည်း လူကြောက်စိတ်ရှိကြပါတယ်။ ကလေးတစ်ယောက်မှာ လူကြောက်စိတ်ရှိနေရင် ခဏခဏငိုပါတယ် ။ ဒေါသလည်း ကြီးတတ်ကြပါတယ်။ တခြားကလေးတွေ လူကြီးတွေနဲ့ မတွေ့ချင်ကြပါဘူး။ ကျောင်သွားဖို့ကြောက်နေသလို စာသင်ခန်းလှုပ်ရှားမှုတွေ ၊ ကျောင်းဖျော်ဖြေပွဲတွေမှာလည်း ပါဝင်ဖို့ ကြောက်ကြပါတယ်။ မိဘကိုပဲ အကုန်အားကိုးပြီး ကျောင်းမှာလည်း သူများကို အကူအညီတောင်းတာမျိုး မလုပ်တတ်ကြပါဘူး။

ကိုယ့်ကလေးမှာ ဒီလိုလက္ခဏာတွေရှိနေပြီဆိုရင် ဆရာဝန်နဲ့တွေ့ဆုံပြီး သူတို့ရဲ့ အပြုအမူတွေအကြောင်း ပြောပြတိုင်ပင်ပါ။ကလေးတွေကို ကုသတဲ့နည်းတွေက ဆက်ကျော်သက်တွေ ၊ လူကြီးတွေကို ကုသတဲ့နည်းနဲ့ ဆင်ပေမယ့် ဆေးသောက်ရတာမျိုးတော့ မရှိတတ်ကြပါဘူး။ ဆရာဝန်က ကလေးရဲ့ အသက်အရွယ်နဲ့ အံဝင်ခွင်ကျဖြစ်မယ့် ကုထုံးကို ပေးပါလိမ့်မယ်။

Ref: nhs.uk


Share

Loading Next Article...
က္က