ကမ္ဘာတဝှမ်းက ဆယ်ကျော်သက်တွေ ပါဝင်နိုင်မယ့် Youth Council Forum ကို ကြေညာလိုက်တာပါ

TikTok အနေနဲ့ For You သို့ Following Feeds မှာ မမြင်ချင်တဲ့ အကြောင်းရာတွေကို ဖယ်ရှားဖို့ Privacy Setting ကို မိတ်ဆက်ပြီး ဖြစ်ပါတယ်။

အလားတူ ညစ်ညမ်း ဗီဒီယိုတွေ မကြည့်မိဖို့ Family Sharing Setting မှတဆင့် ဆက်ကျော်သက်တွေအတွက် Content Filter လုပ်နိုင်တာကိုလည်း ကြေညာပြီးသားပါ။

အခု ဖော်ပြလိုတာ သုံးစွဲသူ အနေနဲ့ရော Brand တွေဖက်ကပါ တန်ဖိုးထားရတဲ့ Privacy ကို ဆယ်ကျော်သက်တွေ အတွက် ရည်ရွယ်ပြီး မသိစေချင် ၊ မမြင်စေချင်တဲ့ အကြောင်းရာ အပြင် အသက် ၁၃ နှစ်နဲ့ ၁၇ နှစ်ကြား လူငယ်တွေအဖို့ သိစေ ၊ လေ့လာစေလိုတဲ့ အကြောင်းရာကိုသာ Keyword စကားလုံးနဲ့ သုံးခွင့်ပေးတာပါ။

အဲ့ဒါအပြင် Youth Council ကို ဖွဲ့စည်းထားပြီး ဦးစားပေး ဖော်ပြလိုတာ Family Paring အကြောင်းပါ ၊ ဒီ ကဏ္ဍမှာ အကြံပြုလွာကို အုပ်ထိန်းသူရော လူငယ်တွေပါ တင်ပြနိုင်ပြီး ၎င်းတို့ တောင်းဆို ၊ လိုအပ်ချက် အလိုက် ဖွဲ့စည်းထားတဲ့ ဖိုရမ်မှာ ပညာရှင် အယောက် ၅၀ ၊ ကျွမ်းကျင်သူများနဲ့ ဆွေးနွေး တိုင်ပင်နိုင်မယ်၊


လူငယ်တွေ အဖို့ ပွင့်လင်း မြင်သာစွာ တင်ပြနိုင်မယ့် နည်းစနစ် ပါဝင်ထားတဲ့ ဖိုရမ် အကြောင်းကို လာမယ့်လ အနည်းငယ်တွင်း ထပ်ဆင့် ကြေညာမှာ ဖြစ်သလို ၂၀၂၃ မတ်လထဲမှာ ဆယ်ကျော်သက်တွေအဖို့ TikTok Screen Time ကို တစ်ရက် ၁ နာရီသာ သုံးခွင့် ပေးထားပါတယ်။

အခုလို ဆယ်ကျော်သက် လူငယ်တွေ ဘေးကင်း လုံခြုံစိတ်ချရဖို့ ထည့်သွင်းထားတဲ့ Family Paring ကို မတ်လကတည်းက သုံးစွဲသူ သန်း ၄၀၀ ကျော်ကို ကြေညာခဲ့ပြီး Privacy ပိုင်း ထိန်းကြောင်းရာတွင် အရေးပါတဲ့ ကဏ္ဍတစ်ခုအဖြစ်မှ ကူညီလျက် ရှိပါတယ်။

Share

Loading Next Article...
က္က