ကွန်တီရဲ့အသင်းက ဒုတိယပိုင်းသွင်းဂိုးတွေကြောင့် ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ယနေ့ည ၈ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ချဲလ်ဆီးတို့ရဲ့ပွဲစဉ်မှာ ကွန်တီရဲ့အသင်းက ဒုတိယပိုင်းသွင်းဂိုးတွေကြောင့် ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ 

ပထမပိုင်းမှာ ဧည့်သည်ချဲလ်ဆီးအသင်းက ခြေအသာနဲ့ စတင်နိုင်ခဲ့ပြီး တော့တင်ဟမ်ဟော့စပါးအသင်းကလည်း အိမ်ရှင်ပီပီ တုံ့ပြန်နိုင်ခဲ့ပေမယ့်လည်း ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှု မပြုလုပ်နိုင်ခဲ့ဘဲ ဂိုးမရှိသရေနဲ့ ပထမပိုင်း ပြီးဆုံးခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၁ မိနစ်မှာပဲ ချဲလ်ဆီးကြယ်ပွင့်ဟောင်း အီမာဆင်ရဲ့ ကန်ချက်ကို ကီပါ ပုတ်ထုတ်ရာကနေ ပြန်လျှံထွက်လာတဲ့ဘောလုံးကို အိုလီဗာ စကစ်ပ်က အမှားအယွင်းမရှိ ပိတ်သွင်းယူပြီး အိမ်ရှင်တို့ ဦးဆောင်ဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ချေပဂိုးတွေ ပြန်လည်သွင်းယူနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အလုပ်မဖြစ်တာကြောင့် တောင်ပံမှာ ပျောက်နေတဲ့ ဇီယက်ရှ်နဲ့ လော့ဖ်တပ်စ်-ချိခ်တို့ရဲ့နေရာမှာ ဇာကာရီယာနဲ့ မေဆန် မောင့်တို့ကို ထည့်သွင်းကစားစေခဲ့ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးအသင်း ကစားကွက်က သိသိသာသာတိုးတက်လာခြင်းမရှိဘဲ ၈၁ မိနစ်မှာ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ဆွန်ဟောင်မင် ထောင့်ကန်ဘောကနေ ကန်တင်လိုက်တဲ့ဘောလုံးကို ဒိုင်ယာက ကိန်းဆီ ချပေးခဲ့ရာမှာ အင်္ဂလန်တိုက်စစ်မှူးက အလွယ်တကူပဲ အဆုံးသတ်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲပြီးဆုံးခါနီး ၁၀ မိနစ်အလိုမှာ နောက်ထပ် ဦးဆောင်ဂိုး ပေးခဲ့ရလို့ ပျာယာခတ်သွားတဲ့ ပေါ့တားဟာ ဖီလစ်နဲ့ စတားလင်းတို့ရဲ့နေရာမှာ အူဘာမီယန်းနဲ့ မာဒရစ်ခ်တို့ကို ထည့်ခဲ့ပေမယ့်လည်း တော်တော်လေး နောက်ကျသွားခဲ့ပြီဖြစ်ပြီး မြောက်လန်ဒန်ကနေ လက်ဗလာနဲ့ အနောက်လန်ဒန်ကို ပြန်ခဲ့ရပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က