စိုင်းစိုင်းကတော့ Birthday Show ကြီး နီးလာလေလေ ရင်ခုန်မှုတွေ မြန်လေလေ ဖြစ်လို့နေပါတယ်။ အိပ်ရာက နိုးလာတာနဲ့ ပါးစပ်က သီချင်းတွေပဲ ဆိုနေမိတယ်တဲ့။
Photo ; စိုင်းစိုင်း
စိုင်းစိုင်းခမ်းလှိုင်ရဲ့ အသက်(၄၀) ပြည့် Birthday Show ကြီးကျင်းပဖို့ (၂)ရက်ပဲလိုပါတော့တယ်။ ဖျေ်ာဖြေပွဲမှာ ကဲဖို့ ပရိသတ်တွေလည်း တွေးပြီး ရင်ခုန်နေသလို စိုင်းစိုင်းလည်း ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ ရင်ခုန်လို့နေပါပြီ။ စိုင်းစိုင်းက Show ပွဲနီးလာလေလေ ဆယ်တန်းဖြေခါနီး ကျောင်းသားတစ်ယောက်လို ဂယောင်ခြောက်ခြားတွေ ဖြစ်လာလေလေလို့ ဆိုပါတယ်။
“ပွဲရောက်ဖို့ နှစ်ရက်ပဲလိုတော့တယ် ဖြတ်ကနဲ အိပ်ရာနိုးလာတယ် ပါးစပ်က သီချင်းတွေ တတွတ်တွတ်ရွတ်နေတယ် ဆယ်တန်းဖြေဖို့ နှစ်ရက်ပဲလိုတဲ့ ကျောင်းသားတစ်ယောက်လိုပဲ ကယောင်ခြောက်ခြားနဲ့” ဆိုပြီး စိုင်းစိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဧပြီ(၈) ရက်နေ့က ရေးသားထားပါတယ်။
Photo : စိုင်းစိုင်း
မကြာခင်မှာ ပြုလုပ်တော့မယ့် Show နဲ့ ပတ်သက်ပြီး ရင်ခုန်နေသလို ၂၀၀၈ ခုနှစ်က ပြုလုပ်တဲ့ Birthday show နဲ့ ပတ်သက်ပြီးလည်း သူ့ရဲ့ ခံစားချက်လေးကို ပြန်ပြောပြထားပါသေးတယ်။
“2008 ခုနှစ်က မျှော်စင်ကျွန်းမှာ Circus Theme နဲ့ လုပ်တဲ့ပွဲ ကြော်ငြာပုံကို Clown ပုံလုပ်မယ်ဆိုပြီး Ariel ကမိတ်ကပ်တွေလိမ်းပေးပြီး ကိုဝဏ္ဏဆီမှာ ဓာတ်ပုံရိုက် ကိုမျိုးက ဒီဇိုင်းဆွဲပြီး ဒီပုံထွက်လာတယ် Billboard အားလုံး ဒီပုံ နဲ့ပဲကြော်ငြာတာ အဲခေတ်က Facebook သိပ်မသုံးကြသေးဘူး Stage ပေါ်မှာ Merry Go Round တွေ ဘာတွေနဲ့ Circus ရွက်ဖျင်ရုံပုံစံမျိုး ဆောက်ကြတယ် ပွဲစဖို့ နှစ်ရက်လောက်လိုတော့ ကြိုတင်လက်မှတ်တွေကုန်သွားတယ်ဗျို့ တကယ်တော့ အဲတုန်းက ကြိုတင်လက်မှတ်က စုစုပေါင်း 2000 လားပဲ ဘဝမှာ ပထမဆုံး လက်မှတ် Sold out ဖြစ်ဖူးတာ ပျော်လိုက်တာဗျာ အခန်းထဲမှာ တစ်ယောက်တည်း ကတုန်ကယင်နဲ့” လို့ ဆိုပါတယ်။
Photo : စိုင်းစိုင်း
စိုင်းစိုင်းခမ်းလှိုင်ရဲ့ အသက် ၄၀ ပြည့် Birthday Show ပွဲကြီးကိုတော့ ဧပြီလ ၁၀ ရက်နေ့ သုဝဏ္ဏဘူမိEvent Park မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။