ပြင်ပဒဏ်ရာမတွေ့ရဘူးလို့ဆိုပါတယ်။
မြောင်းမြမြို့မှာ စာမေးပွဲအခန်းစောင့်ရမယ့် ဆရာမတစ်ယောက် နေအိမ်မှာ သေဆုံးနေမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

Photo - မြောင်းမြသတင်း

မတ်လ ၆ ရက်နေ့က မြောင်းမြမြို့စာစစ်ဌာန (၅) မှာ စာမေးပွဲအခန်းစောင့် တာဝန်ကျတဲ့ ဆရာမတစ်ဦးဟာ စာမေးပွဲခန်းကိုရောက်ရမယ့်အချိန်မရောက်တာကြောင့် သူမရဲ့အိမ်ကိုသွားကြည့်ရာကနေ သေဆုံးနေတာကိုတွေ့ရတာပါ။

ရဲတပ်ဖွဲ့ရဲ့ပြောဆိုချက်အရ မနက် ၇ နာရီ ၅၀ မိနစ်လောက်မှာ ရဲက တွေ့ရှိခဲ့တာဖြစ်ပြီး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာတော့ မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။ ယခုဖြစ်ရပ်ကို မြောင်းမြရဲစခန်းက သေမှုသေခင်း ၆/၂၀၁၉ နဲ့အမှုဖွင့် စစ်ဆေးနေပါတယ်။

"စာမေးပွဲအချိန်မတိုင်မီ ၂ နာရီလောက် ကြိုရောက်ရမှာ ရောက်မလာလို့ လိုက်ကြည့်ရင်းက အိမ်ထဲမှာ သေဆုံးနေတာကိုတွေ့တာပါ။ စစ်ဆေးနေဆဲဖြစ်တဲ့အတွက် ဘာကြောင့် သေဆုံးရတယ်ဆိုတာ မသိသေးပါဘူး။"လို့ မြောင်းမြမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက Duwun ကိုပြောပါတယ်။

သေဆုံးသူ အသက် ၅၄နှစ်အရွယ် ဆရာမဒေါ်ခင်အေးအေးမွန်ဟာ နေအိမ်မှာ တစ်ဦးတည်းနေထိုင်သူဖြစ်တာကြောင့် သူမ သေဆုံးချိန်မှာ မည်သူကမျှ တွေ့ရှိခဲ့ခြင်းမရှိဘူးလို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

Share

Loading Next Article...
က္က