သူ့အတွက် မမေ့နိုင်စရာအမှတ်တရ တစ်ခုရှိခဲ့ပါတယ်။

ပိုင်ဖြိုးသုကတော့ သူ့ကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်လေးတွေထဲက တက္ကသိုလ်ဝင်တန်း စာမေးပွဲကျခဲ့သူတွေကို စိတ်ဓာတ်မကျစေဖို့ အားပေးစကားဆိုခဲ့ပါတယ်။ သူမကိုယ်တိုင်ကလည်း စာလုပ်ရမှာ ပျင်းခဲ့သူတစ်ယောက်ပါတဲ့။

သရုပ်ဆောင်ပိုင်ဖြိုးသုက ၁၀ တန်းကို ဂုဏ်ထူးများစွာနဲ့ အောင်မြင်ခဲ့တာကြောင့် အခုဆိုရင် ဆရာဝန်ဘွဲ့ရရှိထားသူလေးဖြစ်ပါတယ်။ ဒါပေမယ့် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ကျရှုံးခဲ့ရတဲ့ သူမရဲ့ ချစ်ပရိသတ်တွေအတွက် စိတ်ဓာတ်မကျအောင် မီဒီယာတွေကနေတဆင့် အားပေးစကားပြောပြခဲ့ပါတယ်။



‘’ ကျရှုံးတဲ့လူတွေအတွက်ကိုကျတော့ သုသုထင်တာက ဘဝမှာ အမြဲတမ်းကြီးတော့ ရှုံးနေမှာ မဟုတ်ဘူး။ ငယ်ငယ်တုန်းကဆို စကားပုံရှိတယ်လေ ထိုးမယ့်ဆင်က ခြေတစ်လှမ်းနောက်ဆုတ်တယ်ပေါ့နော်။ ကျသွားတယ် မအောင်လို့ရှိရင် နောက်တစ်နှစ်မှာ ပိုပြီးကောင်းတဲ့ အမှတ်နဲ့ အောင်ရင် အောင်မှာ။ သုသု သူငယ်ချင်းတွေထဲမှာလည်းရှိခဲ့ဖူးတယ်။ လိုချင်တဲ့အမှတ် မရလောက်ဘူးဆိုပြီး နောက်ဆုတ်ပစ်လိုက်တာ နောက်နှစ်ကျတော့မှ All D ရအောင်ပြန်ဖြေတာ’’ လို့ ဇွန်လ ၈ ရက်နေ့က Revlon (PhotoReady Candid Make Up Line မိတ်ဆက်ပွဲ )မှာ ဖြေဆိုခဲ့တာပါ။

အဲဒီနောက် စာမေးပွဲ တစ်နှစ်ကျခဲ့ပေမယ့် နောက်နှစ်တွေမှာ ကြိုးစားဖို့ အခွင့်အရေးရှိသေးတယ်လို့လည်း ပိုင်ဖြိုးသုက ပြောပါတယ်။ ဘဝမှာ ဖြေရမယ့် စာမေးပွဲတွေက အများကြီးရှိတယ်လို့ ဆိုပါတယ်။

‘’စာမေးပွဲကျလို့လည်း စိတ်ဓာတ်ကျစရာမလိုဘူးလို့ ယူဆပါတယ်။ ဘဝမှာ ဖြေရဦးမယ့် စာမေးပွဲတွေက အများကြီးပဲ။ စာမေးပွဲတစ်ခုကျရုံနဲ့တော့ ဘဝကြီးတစ်ခု ပြီးသွားတာ မဟုတ်ဘူးပေါ့နော်။ ဒီ့ထက်ပိုပြီး မြင့်တဲ့နေရာရောက်ဖို့ ဖြစ်ချင်တဲ့စိတ်နဲ့ တကယ်သာကြိုးစားရင် အခုမဖြစ်လည်း ဖြစ်ကိုဖြစ်လာမှာပါ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။



Photo: Paing Phyo Thu

ပိုင်ဖြိုးသုဟာ စာလုပ်ရမှာ အရမ်းပျင်းခဲ့တဲ့ မိန်းကလေးတစ်ယောက်ပါတဲ့။ ဒါပေမယ့် ၁၀ တန်းကို ဂုဏ်ထူးများစွာနဲ့ နှစ်ချင်းပေါက် အောင်ခဲ့ရတာကလည်း မိခင်ဖြစ်သူကြောင့်လို့ ဆိုပါတယ်။

‘’ သုသု အတွက် ၁၀ တန်းတုန်းက အကြီးဆုံးအမှတ်တရကတော့ မေမေက ဆယ်တန်းမှတဲ့ ဘာသာစုံဂုဏ်ထူူးပါအောင်လုပ်တဲ့။ အဲဒါဆိုရင် ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံထုတ်ရိုက်ပေးမယ် လို့ မေမေက ကတိပေးတာပေါ့နော်။ သုသုက စာကျက်ရတာ အရမ်းပျင်းတာ ဒါပေမယ့် မေမေက မက်မောစရာ လေးပေးလာတဲ့အခါကျတော့ အရမ်းကြိုးစားခဲ့တယ်’’ လို့ သူကဆိုပါတယ်။

Photo: RBV

ပိုင်ဖြိုးသုဟာ အနုပညာပျိုးခင်း(၂)ရဲ့ စင်တင်မင်းသမီးချောလေး တစ်ယောက်ဖြစ်ပါတယ်။ သူမဟာလက်ရှိအောင်မြင်နေတဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးအပါအဝင်လည်းဖြစ်ပါတယ်။ ပိုင်ဖြိုးသုဟာ ‘’သရဲမ၊ ဘီလူးမ နဲ့ မိန်းမပျို’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိပိုင်ဆိုင်ထားသူပါ။

အခုဆိုရင်လည်း ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးနဲ့ အတူ အနုပညာအလုပ်တွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ သူမဟာ မီရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း Star Awards က ချီးမြှင့်တဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က