စာမေးပွဲအတွက် ပြင်ဆင်နေပါတယ်။

ခိုင်သင်းကြည်ရဲ့ သမီးလေးစံထိပ်ထားဦးကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ပြင်ဆင်လို့နေပါတယ်။ လောလောဆယ်တော့အိမ်ထဲက အိမ်ပြင်မထွက်ရဘူးတဲ့။

 

Photo : ခိုင်သင်းကြည်

အနုပညာအလုပ်လေးတွေ လုပ်ကိုင်နေပြီဖြစ်တဲ့ ခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားဦးကတော့ စာမေးပွဲအတွက် စာတွေ ကြိုးစားလို့နေပါတယ်။ လက်ရှိမှာတော့ ဖေ့စ်ဘွတ်တောင်မသုံးဘဲ စာကို တစိုက်မတ်မတ်လုပ်နေတယ်လို့ သူက ပြောပါတယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြစ်လို့ သေချာပြင်ဆင်နေသလို စာမေးပွဲပြီးရင်လည်း လုပ်ချင်တာတွေ အများကြီး ရှိတယ်လို့ ရင်ဖွင့်လာပါတယ်။

“လောလောဆယ်တော့ စာမေးပွဲအတွက် ပြင်ဆင်နေပါတယ်။ဆယ်တန်းကျောင်းသူဆိုတော့ ဆယ်တန်းကျောင်းသူ ပင်ပန်းသလောက်ပါပဲ။စာတွေရပြီလားဆိုတော့ မဆိုးပါဘူး။ စာမေးပွဲပြီးရင် အဖေ့အလုပ်လေးကို ကူလုပ်မယ်။စာမေးပွဲ ပြီးပြီးချင်း အဖေ့စက်ရုံသွားမယ်။လေ့လာမယ်။ပြီးရင် မေမေ့ရှုတင် သွားပြီး လေ့လာမယ်။ အဖေ့အလုပ်လည်းလုပ်ချင်တယ်။အမေ့အလုပ်လည်း လုပ်ချင်တယ်။ ပြီးတော့ အဆိုတော်လည်း လုပ်ချင်သေးတာ” လို့ ဆိုပါတယ်။

Photo : ခိုင်သင်းကြည်

အဆိုတော် ဖြစ်ချင်တဲ့သူမရဲ့ စိတ်ကူးအိပ်မက်လေးတွေကိုလည်း ဖခင်က အကောင်အထည်ဖော်ခွင့်ပေးမယ်လို့ သိရပါတယ်။သရုပ်ဆောင်လုပ်ဖို့ကိုတော့ အားမပေးသေးဘူးလို့ ဆိုပါတယ်။

“ဖေဖေဆိုရင်လည်း သီချင်းခွေထုတ်မယ်ဆိုတော့ ရတယ်လုပ်ပေးမယ်။ ဇာတ်ကားကတော့မရိုက်ခိုင်းသေးဘူး။ ကြော်ငြာလောက်ပဲ လုပ်ခိုင်းတယ်။စာမေးပွဲပြီးရင်တော့ ကြိုက်တာလုပ်။အခုတော့ အိမ်ထဲက အိမ်ပြင်ထွက်လို့မရသေးဘူး” လို့ စက်တင်ဘာ(၂၇) ရက်နေ့ မိခင်ရဲ့ မွေးနေ့မှာ မီဒီယာတွေကို ပြောပြခဲ့တာပါ။

Photo : စံထိပ်ထားဦး

စံထပ်ထားဦးဟာ ကိုခန့်နိုင်နဲ့ သရုပ်ဆောင်ခိုင်သင်းကြည်တို့ရဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်ပါတယ်။ လက်ရှိမှာလည်း ပညာရေးကို ဦးစားပေးနေရတဲ့အပြင် အနုပညာနဲ့ပတ်သက်ပြီး ကြော်ငြာရိုက်ကူးရေးတွေ လုပ်နေတာကိုလည်း တွေ့ရပါတယ်။ သူမဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က အသက် ၁၆ နှစ်ပြည့်ခဲ့တာ ဖြစ်ပါတယ်။

 



ဆက်စပ်အကြောင်းအရာများ

Share

က္က