ဒမ်ဘီလီကတော့ ပရိသတ်တွေ စနောက်တာကို ခံနေရပါပြီ။

ပြင်သစ်တောင်ပံကစားသမားအူစမန်ဒမ်ဘီလီကတော့ ဆရာဝန်တဦးဖြစ်သွားခဲ့ပါပြီ။ အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ဆင်နွှဲရတောမယ့် ပြင်သစ်အသင်းဟာ ကစားသမားတော်တော်များများ ဖျားနာမှု၊ ဒဏ်ရာပြသနာတွေနဲ့ ရင်ဆိုင်နေရပြီး အသင်းလေ့ကျင့်ခန်းဆင်းရာမှာ ပျက်ကွက်မှုတွေရှိခဲ့ပြီး ဗိုလ်လုပွဲအတွက် စိုးရိမ်စရာတွေဖြစ်လာခဲ့ပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒမ်ဘီလီက အသင်းဖော်တွေရဲ့ အခြေအနေနဲ့ ဗိုလ်လုပွဲကစားရမယ့်အကြောင်းတွေကို ပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆိုခဲ့ရာမှာ အသင်းဖော်အူပါမီကာနိုနဲ့ ရာဘီယော့တို့အကြောင်းကိုလည်း ထည့်သွင်းပြောဆိုခဲ့ရာမှာ သူ ဘာတွေလုပ်ပေးထားလဲဆိုတာကိုပါ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ 

"အူပါမီကာနိုနဲ့ ရာဘီယော့တို့က ခေါင်းကိုက်ဝေဒနာခံစားနေရတယ်၊ သူတို့အတွက် ကျနော် ဂျင်းလက်ဖက်ရည်နဲ့ ပျားရည်ကို လုပ်ပေးထားတယ်၊ ဗိုလ်လုပွဲအတွက် သူတို့အသင့်ဖြစ်နေပြီလို့ ကျနော်ထင်ပါတယ်" လို့ ဒမ်ဘီလီက ပြောဆိုခဲ့တာပါ။ သူ့ရဲ့ ဒီပြောဆိုမှုတွကို ပရိသတ်တွေက သဘောကျခဲ့ပြီး ဟာသနှောကာ တုံ့ပြန်မှုတွေ လုပ်ခဲ့ကြပါတယ်။ 

ပရိသတ်တဦးက " ညီအကို၊ မင်းက ဆေးရုံလေးနှစ်လောက်တက်ခဲ့ရတော့ အခု ဆရာဝန်ဖြစ်နေပြီပေါ့" လို့ ရေးသားနောက်ပြောင်ခဲ့ပါတယ်။ ဒမ်ဘီလီဟာ ဒေါ့မွန်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာချိန်ကစပြီး ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေခဲ့ရကာ ပုံမှန်ကစားနိုင်ခြင်းမရှိခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို ဆေးရုံခဏခဏတက်ရတဲ့ ကစားသမားအဖြစ် ပရိသတ်တွေက သိထားကြတာပါ။ 

အခု အသင်းဖော်တွေဒဏ်ရာရနေချိန်မှာ သူရဲ့ စီစဉ်ပေးမှုနဲ့ပတ်သက်ပြီး တွဲဖက်နောက်ပြောင်ခဲ့တာဖြစ်ပါတယ်။ ဒမ်ဘီလီကတော့ ဆေးရုံအုပ်ကြီးအဖြစ်ကနေ ဆရာဝန်တဦးပါ ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က