Footy ပွဲမှာ လက်ကျိုးဒဏ်ရာရခဲ့တဲ့ ကလေးနဲ့ တွေ့ကြုံခဲ့တာပါ။

ဒီရာသီမှာ မထင်မှတ်လောက်အောင် ခြေစွမ်းပြကစားနေတဲ့ အင်္ဂလန်ကြယ်ပွင့်ဟာ လိဒ်ကစားသမားပါစကယ်စထရူခ်ကြောင့် ခြေထောက်ကျိုးဒဏ်ရာရရှိခဲ့ပြီး ချက်ချင်းပဲဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။ 


လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ဆိုးရွားတဲ့ခြေထောက်ဒဏ်ရာရရှိခဲ့မှုကြောင့် လီဗာပူးလ်အတွက်ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမားအီလီယော့ဟာ ကာလရှည်အနားယူရမယ့် အနေအထားနဲ့ ရင်ဆိုင်သွားရပြီဖြစ်ပါတယ်။ ဒီရာသီမှာ မထင်မှတ်လောက်အောင် ခြေစွမ်းပြကစားနေတဲ့ အင်္ဂလန်ကြယ်ပွင့်ဟာ လိဒ်ကစားသမားပါစကယ်စထရူခ်ကြောင့် ခြေထောက်ကျိုးဒဏ်ရာရရှိခဲ့ပြီး ချက်ချင်းပဲဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။ 


လီဗာပူးလ်က ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲရဲ့ ပွဲကစားချိန် မိနစ် ၆၀ ခန့်မှာ ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ အီလီယော့ဟာ ကွင်းအတွင်း နာနာကျင်ကျင်လူးလိမ့်နေခဲ့ရပြီး ဆေးအဖွဲ့ကို ချက်ချင်းခေါ်ယူကာ ကုသမှုခံယူခဲ့ရပါတယ်။ ဒီနောက်မှာတော့ ဆက်လက်ကစားဖို့မဖြစ်နိုင်တော့တဲ့အတွက် ထမ်းစင်နဲ့သယ်ထုတ်ခဲ့ရပြီး ဆေးရုံကိုပို့ဆောင်ပေးခဲ့ရပါတယ်။ ကနဦးမြင်ကွင်းတွေအရ အီလီယော့ဟာ ခြေထောက်ကျိုးသွားခဲ့တယ်လို့ ယူဆရပြီး ကွင်းလယ်ဒိုင်ကလည်း လိဒ်ကစားသမားကို အနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။ 

လီဗာပူးလ်နည်းပြကလော့ပ်ကတော့ ဆိုးရွားလွန်းတဲ့ ခြေကျင်းဝတ်လွဲဒဏ်ရာလို့ ပွဲအပြီးမှာ Sky Sports က တဆင့် ပြောဆိုခဲ့ပါတယ်။ အီလီယော့ဟာ ဆေးရုံကိုရောက်စဉ်မှာတော့ သူ့ရဲ့လူနာကုတင်ဘေးက လက်ကျိုးလို့ကုသခံနေရတဲ့ ကလေးငယ်ကို သူ့ရဲ့လီဗာပူးလ်ဂျာစီကို လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ကလေးငယ်ရဲ့ မိခင်ဖြစ်သူက ဒီအကြောင်းကို ရေးသားပြောဆိုခဲ့တာဖြစ်ပြီး အီလီယော့ဆီကနေ ဂျာစီအပြင် ဖိနပ်ပါရရှိခဲ့တယ်လို့ ဆိုပါတယ်။ 


"ဒီနေ့လည်မှာ ကျွန်မသားက Footy ပွဲကစားပြီး လက်မောင်းကျိုးခဲ့ပါတယ်၊ အဲဒီနောက် သူ တက်နေတဲ့ဆေးရုံက ဘေးကုတင်ကို ဟာဗေးအီလီယော့နဲ့ သူ့မိသားစု ရောက်လာခဲ့ပါတယ်၊ သူက သူ့ရဲ့လီဗာပူးလ်အတွက် ကစားခဲ့တဲ့ ဂျာစီနဲ့ ဖိနပ်ကို ကျွန်မသားလေးအတွက်ဆိုပြီး ပေးခဲ့ပါတယ်၊ ကျွန်မသားကတော့ အသံတဆာဆာကို ဖြစ်နေပြီ" လို့ အဆိုပါကလေးငယ်ရဲ့ မိခင်ဖြစ်သူက ရေးသားဖော်ပြခဲ့ပါတယ်။

အီလီယော့ဟာလည်း သူ့ရဲ့ခြေစွမ်းပြမှုကြောင့် ပရိသတ်အားပေးမှုတွေ ရရှိနေချိန်မှာ အခုလိုပြုမူခဲ့တဲ့ လုပ်ရပ်ကြောင့် ထပ်မံချီးကျူးခံခဲ့ရပါတယ်။ ဒီရာသီ လီဗာပူးလ်ရဲ့ ခြေစွမ်းအပြနိုင်ဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ်ရပ်တည်ခဲ့တဲ့ အီလီယော့ကို ဒဏ်ရာကအမြန်ပြန်သက်သာဖို့လည်း မက်ဆေ့ချ်ပို့ဆုတောင်းပေးသူတွေ အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။ 

Share

က္က