ယနေ့ညနေမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့် မဲခွဲပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းက ဆီဗီလာနဲ့ တွေ့ဆုံခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ၁၆ သင်းရှုံးထွက်အဆင့်မှာ စပိန်လာလီဂါကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်ဘက်တစ်နဲ့ တွေ့ဆုံခဲ့ပြီးနောက် နောက်ထပ်တစ်ကြိမ် စပိန်ကလပ်အသင်းနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး ယူရိုပါလိဂ်သမိုင်းကြွေးရှိခဲ့တဲ့ ဆီဗီလာနဲ့ နောက်ထပ်တစ်ကြိမ် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ၂၀၁၈ ခုနှစ်တုန်းက ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်မှာ ဆီဗီလာကို ၂ ကျော့ပေါင်း ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ ထပ်မံတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အိုလေဂန်နာ ဆိုးလ်ရှားရဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆီဗီလာကို ၂-၁ နဲ့ပဲ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ ၃ နှစ်နီးပါးအကြာ ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဆင့်မှာ ထပ်မံတွေ့ဆုံနေပြီဖြစ်ပါတယ်။
ဂျူဗင်တပ်အသင်းကတော့ အာဆင်နယ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ကွာတားတက်လာတဲ့ စပို့တင်းနဲ့ တွေ့ဆုံနေပြီး လေဗာကူဆင်က ယူနီယံ အက်စ်ဂျီ၊ မော်ရင်ညိုရဲ့ ရိုးမားက ဖီယင်နုနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေကို ဧပြီလ ၁၃ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး မေလ ၁၁ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကျင်းပမယ့် ဆီမီးဖိုင်နယ်အဆင့်အတွက်လည်း ဆက်လက် မဲနှိုက်ခဲ့ပါတယ်။
ယူရိုပါလိဂ်ကွာတားဖိုင်နယ် မဲခွဲရလဒ်များ
မန်ချက်စတာယူနိုက်တက် Vs ဆီဗီလာ
ဂျူဗင်တပ် Vs စပို့တင်း
လေဗာကူဆင် Vs ယူနီယံ အက်စ်ဂျီ
ဖီယင်နု Vs ရိုးမား
ဆီမီးဖိုင်နယ် မဲခွဲမှုရလဒ်
ဆီမီး ၁- ဂျူဗင်တပ်(သို့) စပို့တင်း Vs မန်ချက်စတာယူနိုက်တက် (သို့)ဆီဗီလာ
ဆီမီး ၂- လေဗာကူဆင်(သို့) ယူနီယံ အက်စ်ဂျီ Vs ဖီယင်နု(သို့)ရိုးမား