အသင်းနဲ့ ပထမဆုံး အင်တာဗျူးမှာ ငိုကြွေးခဲ့တာပါ။

ရာမို့စ်ဟာ တစ်ကျော့ပြန် ဆီဗီလာကစားသမားဘဝ ပထမဆုံး အင်တာဗျူးမှာ ကင်မရာရှေ့ ငိုကြွေးခဲ့ရတယ်လို့ သိရှိရပါတယ်။ အဆိုပါ စပိန်လက်ရွေးစင် နောက်ခံလူဟောင်းကြီးဟာ ငယ်ဘဝအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ရောက်ရှိလာခဲ့တာပါ။



ပြီးခဲ့တဲ့ နွေရာသီမှာ ပီအက်စ်ဂျီနဲ့ လမ်းခွဲခဲ့တဲ့ ရာမို့စ်အနေနဲ့ ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေရရှိခဲ့ပေမယ့် ဆီဗီလာကိုသာ ပြန်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ရာမို့စ်ဟာ ဆီဗီလာမှာ တစ်နှစ်လုပ်ခ ယူရို (၂) သန်းသာ ရရှိမှာဖြစ်ပြီး ဒီပမာဏက အခြားသော ကမ်းလှမ်းမှုတွေထက် နည်းပါးခဲ့ပါတယ်။

ဒါပေမယ့်လည်း ရာမို့စ်က ဆီဗီလာကို ချစ်တဲ့စိတ်နဲ့ပြန်လာခဲ့ဟန်ရှိပြီး အသင်းနဲ့ ပထမဆုံး အင်တာဗျူးအစီအစဉ်မှာတင် ငိုကြွေးခဲ့တာပါ။ ရာမို့စ်က “ကျွန်တော့်အဘိုး အကြောင်းကို ပြောရတာ တကယ်ကို ခံစားရပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့က မွေးကတည်းက ဆီဗီလာပရိသတ်ဖြစ်ခဲ့ပါတယ်”

“ဆီဗီလာရဲ့ အိမ်ကွင်းကြီးထဲမှာ ကျွန်တော့်အဘိုးရဲ့ နောက်ဆုံးအမှတ်တရက ရုပ်ဆိုးလွန်းပါတယ်။ ဒီကွင်းကနေ ထွက်ခွာခဲ့ချိန်မှာ လူတွေက သူ့ရဲ့မြေးကို ‌ဝိုင်းလှောင်နေတာ သူမြင်ခဲ့ရတာပါ။ ကျွန်တော်တို့အနေနဲ့ ဒါမျိုး ဆက်ဆံခံရဖို့ မထိုက်တန်ပါဘူး။ ပရိသတ်တစ်ယောက်အနေနဲ့ရော၊ မိသားစုအနေနဲ့ရောပေါ့”

“ဘဝမှာ ငွေကြေးနဲ့ အရာရာကို ဝယ်ယူလို့မရပါဘူး။ ကျွန်တော့်နှလုံးသားက အိမ်ပြန်ဖို့အတွက်ပဲ တောင်းဆိုခဲ့ပြီး ဒီအသင်းရဲ့ ပရိသတ်တွေနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးကို ပြန်လည်ပြုပြင်ရပါဦးမယ်။ ရီးရဲလ်မက်ဒရစ်အတွက် ကစားနေခဲ့ချိန်မှာတောင် ဆီဗီလာရဲ့ သီချင်းသံကိုကြားရင် ကြက်သီးတွေထခဲ့ပါတယ်” လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က