အရေးကြီးချေပဂိုးအတွက်လည်း သူ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ညက ကစားခဲ့တဲ့ ဂျူဗီနဲ့ ဆီဗီလာတို့ရဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့မှာ ပေါ့ဂ်ဘာတယောက် လူစားဝင်ကစားပြီး ခြေစွမ်းပြသွားခဲ့ပါတယ်။ သူ ဝင်လာပြီးနောက်မှာ ဆီဗီလာကွင်းလယ်နဲ့ ခံစစ်က တော်တော်လေးထိန်းသိမ်းခဲ့ရပြီး ဂျူဗီတို့ အဖိုးတန်အနိုင်ဂိုးရအောင် ပေါ့ဂ်ဘာက ခေါင်းတိုက်ဖန်တီးပေးပြီး ဒုတိယအကျော့အတွက် အသင်းကို အခွင့်အရေးအပြည့်အ၀ရှိစေခဲ့ပါတယ်။ 

ပွဲချိန် မိနစ် ၇၀ မှာ သူက ဒီမာရီယာအစားဝင်လာခဲ့ပြီး တော်တော်လေးကောင်းမွန်တဲ့ passing တွေ လုပ်နိုင်ခဲ့ပြီး ပွဲထွက်ကစားခွင့်ရဖို့ အသင့်ဖြစ်နေပြီဆိုတာကိုပါ ပြသသွားခဲ့တာပါ။ ဒဏ်ရာကြောင့် တရာသီလုံးနီးပါး အနားယူခဲ့ရတဲ့ ပေါ့ဂ်ဘာက မိနစ် ၂၀ အတွင်းမှာ အထင်ကြိးစရာကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ပြသသွားခဲ့ပါတယ်။  ဂျူဗီကွင်းလယ်မှာ သူ တော်တော်လေးလှုပ်ကစားခဲ့ပြီး တိုက်စစ်ကို တိုက်ရိုက်ပံ့ပိုးနိုင်တာတွေပါ လုပ်နိုင်ခဲ့ပါတယ်။



ပြိုင်ဘက်ကစားသမားကို ပေါင်ကြားထဲကနေ ဘောလုံးထည့်ပြခဲ့သလို ဘောလုံးကို ခေါင်းနဲ့ စက္ကန့်အနည်းငယ်ကြာ ထိန်းပြိး ယူသွားခဲ့ပုံက တွစ်တာမှာ ရေပန်းစားနေပါတယ်။ အိမ်ကွင်းမှာပဲ ဂျူဗီတို့ အရေးနိမ့်မလို ဖြစ်နေမှုကလည်း သူ့ရဲ့ ဖန်တီးပေးမှုနဲ့အတူ ချေပဂိုးပြန်ရခဲ့ပြီး နည်းပြအယ်လီဂရီကတော့ ပေါ့ဂ်ဘာက ထူးခြားတဲ့ကစားသမားဖြစ်ပြီး ပွဲတိုင်းမှာ ပွဲထွက်ခွင့်ရနိုင်ပြီလို့လည်း ဆိုခဲ့ပါတယ်။ 

ပေါ့ဂ်ဘာအတွကလည်း ဒီပွဲမှာ ဖန်တိးပေးနိုင်ခဲ့မှုက ဒီရာသီမှာ ဂျူဗီအတွက် ပထမဆုံးအကြိမ် သွင်းဂိုးပါဝင်ပတ်သက်နိုင်မှုဖြစ်လာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ကနေ ပြောင်းရွှေ့လာပြီးကတည်းက ဒဏ်ရာတွေကြောင့် အနားယူနေရပြီး ပွဲကစားခွင့်နည်းနည်းလေးပဲ ရှိခဲ့တဲ့ ပေါ့ဂ်ဘာက လက်ကျန်ဘောလုံးရာသီကို အကောင်းဆုံးအဆုံးသတ်နိုင်ဖို့ ပြန်လာခဲ့ပြီဆိုတာကို အချက်ပေးလိုက်သလိုပါပဲ။ 

Share

Loading Next Article...
က္က