ပြန်လည်သုံးသပ်မှုတွေပြီးမှသာ ဆက်ကစားစေမယ်လို့ ဆိုပါတယ်။

၂၀၂၃ ဆီးဂိမ်းပြိုင်ပွဲမှာ စင်ကာပူ ယူ-၂၂ အသင်း အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပြီးနောက်မှာ စင်ကာပူဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌဖြစ်သူ Barnard Tan က ယူ-၂၂ အသင်းကို နိုင်ငံတကာပွဲစဉ်တွေ မကစားစေဘဲ ရပ်နာထားဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီလိုဆုံးဖြတ်ချက်အရ စင်ကာပူဟာ AFF U-23 Championship ပြိုင်ပွဲနဲ့ ၂၀၂၂ အောက်တိုဘာလအတွင်းမှာ ကျင်းပမယ့် အာရှအားကစားပြိုင်ပွဲတွေမှာ ပါဝင်နိုင်မှာမဟုတ်တော့ပါဘူး။ ဒါပေမယ့်လည်း AFC U23 အာရှဖလား ၂၀၂၄ ခြေစစ်ပွဲအဆင့်တွေအတွက်တော့ စာရင်းသွင်းထားဆဲလို့ သိရပါတယ်။ ဆီးဂိမ်းက အသင်းစွမ်းဆောင်ရည်ကို ပြန်လည်အကဲဖြတ်ပြီးမှသာ ပါဝင်ကစားမှုတွေကို ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ စင်ကာပူရဲ့ သက်တမ်းအလိုက် လက်ရွေးစင်အသင်းတွေမှာ အောင်မြင်မှုနည်းပါးခဲ့ပြီး လူငယ်အဆင့်မှာလည်း ပြိုင်ဘက်တွေထက် တော်တော််လေးကို အားနည်းနေခဲ့တာပါ။ ပြီးခဲ့တဲ့ ဆီးဂိမ်းမှာဆိုရင်လည်း စင်ကာပူဟာ အုပ်စုတွင်းနိုင်ပွဲလုံး၀မရှိခဲ့ဘဲ မလေးရှားကို ၇ ဂိုး၊ ထိုင်းကို ၃ဂိုး၊ ဗီယက်နမ်ကို ၃ ဂိုးစီ ပေးခဲ့ကာ အရေးနိမ့်ခဲ့ရပြီး လာအိုနဲ့ဂိုးမရှိသရေကျခဲ့ပါတယ်။ 

ဒါကြောင့် အုပ်စုနောက်ဆုံးမှာသာ ရပ်တည်နိုင်ခဲ့ပြီး ရဂိုး ၂ ဂိုး၊ ပေးဂိုး ၁၃ ဂိုးသာရှိလို့ တော်တော်လေးဆိုးရွားတဲ့အနေအထားဖြစ်ခဲ့တာပါ။ စင်ကာပူလက်ရွေးစင်အသင်းကြီးဟာလည်း ကမ္ဘာ့အဆင့် ၁၅၈ မှာ ရပ်တည်နေပြီး နောက်ဆုံးကစားခဲ့တဲ့ ပွဲတွေမှာ လာအိုနဲ့ မကာအိုကိုသာ အနိုင်ရထားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က