သူ့ရဲ့ တွစ်တာကနေ အသိပေးသွားခဲ့ပါတယ်။

ဆီးဂိမ်းပြိုင်ပွဲမှာ အိမ်ရှင်ကမ္ဘောဒီးယား ယူ-၂၂ ကို ဆီမီးဖိုင်နယ်တက်ရောက်နိုင်အောင် စွမ်းဆောင်ပ​ေးနိုင်ခြင်းမရှိတဲ့နောက် နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ဂျပန်နာမည်ကျော်ကစားသမားဟောင်း ဟွန်ဒါဟာ နည်းပြရာထူးကနေ နုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။ ဟွန်ဒါဟာ ကမ္ဘောဒီးယားမှာ ၅ နှစ်ကြာ နည်းပြအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ 

မနေ့က ကစားခဲ့တဲ့ အင်ဒိုနီးရှားနဲ့ အုပ်စုနောက်ဆုံးပွဲမှာ အရေးနိမ့်ပြီးနောက် ကမ္ဘောဒီးယားဟာ အိမ်ရှင်အဖြစ် ကစားခဲ့ရပေမယ့် အုပ်စုအဆင့်ကနေပဲ လှည့်ပြ်ခဲ့ရပါတယ်။ ဒီအုပ်စုမှာတော့ အင်ဒိုနီးရှားနဲ့ မြန်မာတို့က နောက်တဆင့်တက်သွားခဲ့ကာ တဖက်အုပ်စုကတော့ ထိုင်းနဲ့ ဗီယက်နမ်တို့ နောက်တဆင့်ကို တက်နိုင်ခဲ့ပါတယ်။ 

"ကမ္ဘောဒီးယားမှာ ၂၀၁၈ က စတင်ခဲ့တဲ့ ပရော့ဂျက်တခုက အဆုံးသတ်ခဲ့ပါပြီ" လို့ ဟွန်ဒါက တွစ်တာမှာရေးသားခဲ့ပါတယ်။ "နောက်ဆုံးပြိုင်ပွဲမှာ စိတ်ကျေနပ်လောက်စရာ ရလဒ်မရခဲ့ပါဘူး" လို့ လည်း သူက ထပ်ပြောခဲ့ပါတယ်။ ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ်ကလည်း ဟွန်ဒါရဲ့ စွမ်းဆာင်ပေးခဲ့မှုအားလုံးအတွက် ကျေးဇူးတင်ကြောင်း နှုတ်ဆက်ခဲ့ပါတယ်။ 

ဟွန်ဒါဟာ ကမ္ဘောဒီးယားလက်ရွေးစင်အသင်းနဲ့ လူငယ်အသင်းတွေကို ကိုင်တွယ်ခဲ့ပြီး ဘောလုံးဖွံ့ဖြိုးတိုးတက်အောင် ဂျပန်ဆီကတဆင့် အကူအညီတွေ ရယူပေးခဲ့သူဖြစ်ပါတယ်။ သူ့လက်ထက်မှာ ကမ္ဘောာဒီးယားရဲ့ ဘောလုံးအဆင့်အတန်းက တိုးတက်မှုတွေရှိလာခဲ့ပြီး စနစ်တကျနဲ့ ကစားတတ်မှုအပိုင်းမှာ အားကောင်းလာခဲ့တယ်လို့ ချီးကျူးခံခဲ့ရပါတယ်။ 


Share

Loading Next Article...
က္က