ယူအက်စ်အိုးပင်းဖလား ဆီမီးဖိုင်နယ်မှာ မြင်တွေ့ခဲ့ရတာပါ။

မနေ့က မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ စင်စင်နတ်တီနဲ့ အင်တာမိုင်ယာမီတို့ပွဲမှာတော့ အင်တာမိုင်ယာမီက ပြိုင်ဘက်ကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ယူပြီး ယူအက်စ်အိုးပင်းဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲကိုလည်း တက်ရောက်နိုင်ခဲ့ပါတယ်။



မက်ဆီရဲ့ အင်တာမိုင်ယာမီဟာ မကြာခင်ကပဲ ဆုဖလားတစ်လုံးကို ဆွတ်ခူးထားသေးပြီး လက်ရှိအချိန်မှာလည်း ဒီလိုမျိုး ဆုဖလားတစ်လုံးကို ထပ်မံဆွတ်ခူးဖို့ အနီးစပ်ဆုံးအချိန်ရောက်ရှိနေတာပါ။ စင်စင်နက်တီနဲ့ အင်တာမိုင်ယာမီတို့ပွဲမှာ အင်တာမိုင်ယာမီတို့ နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်နေခဲ့ပေမယ့် မက်ဆီရဲ့ ဖန်တီးမှုနှစ်ကြိမ်ကတစ်ဆင့် သွင်းဂိုးတွေ ပြန်လည်ရရှိခဲ့ပါတယ်။


အဲ့ဒီနောက်မှာတော့ အချိန်ပို၊ ပင်နယ်တီဆက်ကစားရင်း ပင်နယ်တီအဆုံးအဖြတ်မှာတော့ အင်တာမိုင်ယာမီတို့ကသာ ပြိုင်ဘက်ကို အနိုင်ယူကာ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ နောက်ထပ်ပြောစရာတစ်ခုကလည်းရှိနေပါသေးတယ်။

ဒါကတော့ ပြိုင်ဘက်စင်စင်နက်တီ ကစားသမားဟာ ပွဲအပြီးမှာ မက်ဆီရဲ့ လက်မှတ်ကို ရယူသွားခဲ့ပါတယ်။ မက်ဆီဟာ အဆိုပါပွဲမှာ ဂိုးသမား အေကော်စတာကို သူ့ရဲ့ဂျာစီပေးခဲ့ပြီးဖြစ်ပေမယ့် ဘရန်ဒန်ဗက်ဇ်ကွက်ဇ်ရဲ့ တောင်းဆိုမှုကို ရရှိချိန်မှာတော့ ရသလောက် လုပ်ပေးဖို့ ကြိုးစားခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း မက်ဆီက ပြိုင်ဘက်ကစားသမားရဲ့ ဂျာစီပေါ်မှာ သူ့လက်မှတ်ကို ရေးထိုးပေးသွားခဲ့ပါတယ်။ မက်ဆီဟာ မေဂျာလိဂ်ကို ရောက်ရှိပြီးနောက်ပိုင်း ဆက်တိုက်ကို ဂိုးသွင်းခြေစွမ်းပြသနေပြီး အသင်းအတွက် (၁၀) ဂိုးအထိ သွင်းယူပေးထားခဲ့ပြီးဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က