ချန်ပီယံလိဂ်အုပ်စုတွင်း နောက်ဆုံးနေရာကနေ ထွက်ခဲ့ရအပြီး တောင်းဆိုနေတာပါ။

ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ အက်သလက်တီကိုမက်ဒရစ်အသင်းထွက်ခဲ့ရပြီးနောက် အသင်းပရိသတ်တချို့က နည်းပြဆီမြွန်နီနဲ့ လမ်းခွဲဖို့အတွက် တောင်းဆိုနေကြပြီဖြစ်ပါတယ်။ ပေါ်တိုကို အဝေးကွင်းမှာ ၂-၁ နဲ့ အရေးနိမ့်ခဲ့လို့ အေတီကိုဟာ ယူရိုပါလိဂ်ဝင်ခွင့်တောင်မရတော့ဘဲ အုပ်စုနောက်ဆုံးနေရာကနေ ပြီးဆုံးခဲ့ကာ ဒီရာသီ ဥရောပခရီးစဉ်က ရပ်တန့်သွားခဲ့ပြီဖြစ်ပါတယ်။

နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုကလည်း အေတီကိုက မကြာခင်မှာ အသင်းနဲ့ ၁၁ နှစ်ကြာလက်တွဲခဲ့တဲ့ ဆီမြွန်နီကို ထုတ်ပယ်ပြီး သူ့နေရာမှာ ဂျော့ဒီအလက်ဆန်ဒရိုကို အစားထိုးလိမ့်မယ်လို့ ဖော်ပြထားပါတယ်။ ဆီမြွန်နီကတော့ ကမ္ဘာပေါ်မှာ လုပ်ခလစာအများဆုံးရ နည်းပြတဦးဖြစ်ပြီး အေတီကိုကို လာလီဂါဖလားနဲ့ ယူရိုပါလိဂ်ဖလားဆွတ်ခူးနိုင်အောင် ကူညီပေးထားခဲ့ပါတယ်။ 

ဒါပေမယ့် ဒီရာသီမှာတော့ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာပဲ နိဠိတံခဲ့ပြီးနောက် ဆီမြွန်နီတယောက် ဖိအားတွေ ရင်ဆိုင်လာရပါပြီ။ ပရိသတ်တဦးက "အက်သလက်တီကိုနဲ့ ဆီမြွန်နီက ကွာရှင်းလိုက်ဖို့ လိုအပ်နေပြီ၊ သူတို့နှစ်ဦးစလုံးအတွက် လတ်ဆတ်မှုအသစ်တွေ လိုအပ်တယ်" လို့ ရေးသားခဲ့ပြီး နောက်ထပ်တဦးကလည်း "သူ့ နည်းဗျူဟာတွေက ရှေးရိုးဆန်နေပြီ၊ ချက်ချင်းထုတ်ပယ်ဖို့ တောင်းဆိုပါတယ်" လို့ ရေးသားခဲ့ပါတယ်။ 

လာလီဂါမှာ အေတီကိုက ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့နောက် တတိယနေရာမှာ ရပ်တည်နေပေမယ့်လည်း ခြေစွမ်းပိုင်းအရတော့ တော်တော်လေးကိုအားနည်းနေခဲ့တာဖြစ်ပါတယ်။ ဆီမြွန်နီရဲ့ ခံစစ်အသားပေးကစားဟန်က ပျင်းရိငြီးငွေ့စရာကောင်းလွန်းတယ်လို့ ဝေဖန်သူတွေလည်း ရှိခဲ့ပြီး လက်ရှိအချိန်ထိ အဆိုပါကစားဟန်ကို ဆီမြွန်နီက နှစ်ခြိုက်စွာအသုံးပြုနေဆဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က