နည်းပြသစ်အတွက်ပါ အချိန်ပေးဖို့ ပေါလ်စခိုးလ်က ပြောကြားခဲ့တာပါ။

ယူနိုက်တက်ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က ယူနိုက်တက်တို့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်ကနေ ထွက်ခွာခဲ့ရတဲ့နောက် အသင်းနည်းပြ ရန်းနစ်ဂ်ကို ရည်ရွယ်ထိုးနှက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒုတိယအကျော့ အိမ်ကွင်းပွဲပြီးတဲ့နောက် နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဂိုးနဲ့ ချန်ပီယံလိဂ်က ထွက်ခဲ့ရပါတယ်။



ဒုတိယအကျော့မှာ ယူနိုက်တက်က ဘောလုံးပိုင်ဆိုင်မှုအသာ၊ ခြေစွမ်းအသာနဲ့ ဖိကစားနိုင်ခဲ့ပေမယ့် အက်သလက်တီကိုကတော့ လိုအပ်တဲ့အနိုင်ဂိုးနဲ့ရလဒ်ကို ရယူသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အရင်တည်းက ရန်းနစ်ဂ်ကိုဝေဖန်လေ့ရှိတဲ့ ပေါလ်စခိုးလ်က အခုလိုပဲ ပြောကြားလာပါတယ်။

ပေါလ်စခိုးလ်က “အရင်ဆုံးအနေနဲ့ ယူနိုက်တက်က သင့်တော်တဲ့နည်းပြတယောက် လိုအပ်ပါတယ်။ ပြီးရင် ဆုဖလားတွေ စိန်ခေါ်နိုင်တဲ့ လူစာရင်းကို တည်ဆောက်နိုင်ဖို့ သူ့အတွက် အချိန် နှစ်နှစ်၊ သုံးနှစ်လောက် ပေးရပါမယ်။ အက်သလက်တီကိုက ယူနိုက်တက်ထက် ပိုကောင်းတဲ့ အသင်းတသင်း မဟုတ်ပါဘူး”

“ဒါပေမယ့် သူတို့မှာ ပိုကောင်းတဲ့၊ အတွေ့အကြုံပိုရှိတဲ့ နည်းပြရှိပါတယ်။ တကယ်လို့ ဆီမြွန်နီသာ ယူနိုက်တက်ကို ကိုင်တွယ်မယ်ဆိုရင် ကွာတားဖိုင်နယ်တက်မယ့်အသင်းက ယူနိုက်တက်ဖြစ်ပါလိမ့်မယ်” လို့ ပြောကြားခဲ့ဖူးပါတယ်။ ပေါလ်စခိုးလ်ဟာ ဆောက်သမ်တန်ကို အိမ်ကွင်းမှာ သရေကျခဲ့တုန်းကလည်း အလားတူ ပြောကြားခဲ့ဖူးပါတယ်။

ယူနိုက်တက်နဲ့ဆောက်သမ်တန်တို့ အိုးထရက်ဖို့ဒ်မှာ တဖက်တဂိုးစီသရေကျခဲ့တဲ့ပွဲအပြီးမှာ ပေါလ်စခိုးလ်က ဆောက်သမ်တန်နည်းပြ ဟာဆန်ဟက်တဲလ်သာ ယူနိုက်တက်ကို ကိုင်တွယ်မယ်ဆိုရင် အခုထက် ပိုမိုကောင်းမွန်တဲ့ ယူနိုက်တက်ကို မြင်ရမှာဖြစ်တဲ့အကြောင်း ဝေဖန်ပြောကြားခဲ့ဖူးပါတယ်။ 

Share

Loading Next Article...
က္က