ကစားသမားကိုယ်တိုင်က ဖွင့်ဟပြောဆိုခဲ့တာပါ။

လီဗာပူးလ်ကနေ ထွက်တော့မယ်လို့ သတင်းတွေကြီးနေတဲ့ ဆာဒီယိုမာနေးက ဆီနီဂေါပရိသတ် ၇၀% အထိကပါ သူ့ကို အသင်းကနေ ထွက်ခွာစေချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဆီနီဂေါအတွက် နိုင်ငံတကာပွဲတွေ ကစားဖို့အတွက် ရောက်ရှိနေတဲ့ မာနေးက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ဖြစ်ပြီး ပရိသတ်ဆန္ဒကို သူ အလေးထားတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ 

မာနေးဟာ ဘိုင်ယန်ကို ၃ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားတယ်လို့လည်း သတင်းတွေထွက်နေခဲ့ပါတယ်။ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့ပေမယ့် အသင်းဘက်က သူ့ကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် ဆာလာလောက် အားစိုက်ထုတ်မှုမရှိတာ၊ လစာငွေနည်းပါးစွာရရှိနေတာတွေအပေါ် မာနေးဘက်က စိတ်ကွက်လာခဲ့ဖွယ်ရှိနေပါတယ်။ 

"ဆီနီဂေါပြည်သူ ၆၀၊ ၇၀% လောက်က ကျနော့်ကို ထွက်ခွာနေစေချင်ပါတယ်၊ သူတို့ ဆန္ဒရှိတဲ့အတိုင်း ကျနော်လုပ်ချင်ပါတယ်၊ မကြာခင် ကျနော်တို့တွေ့ကြမယ်" လို့ မာနေးက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ မာနေးဟာ လီဗာပူးလ်မှာ ၆ နှစ်ကြာ ကစားခဲ့ပြီးဖြစ်ကာ အဓိကကစားသမားအဖြစ်နဲ့ နှစ်တိုင်းမှာ ရှိနေခဲ့သူဖြစ်ပါတယ်။ 

လီဗာပူးလ်နဲ့လည်း ကလပ်အသင်းအဆင့်မှာ ရနိုင်သမျှ ဆုဖလားအားလုံးနီးပါးကို ဆွတ်ခူးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တဦးအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ ဘိုင်ယန်ကလည်း တဖက်မှာ လီဝန်ဒေါစကီးက အသင်းကနေထွက်ခွာတော့မယ်လို့ တရားဝင်ပြောဆိုထားလို့ တိုက်စစ်ကစားသမားတဥိးကို ပြန်လည်ခေါ်ယူရဖို့ရှိနေတာဖြစ်ပါတယ်။ 

Share

က္က