ဆောက်ဂိတ်က အသင်းရဲ့ အနေအထားကို ကျေနပ်ကြောင်း ပြောကြားခဲ့တာပါ။

အင်္ဂလန်ပရိသတ်တွေဟာ ဘရာဇီးကို ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး ဆောက်ဂိတ်ရဲ့ ပြောစကားတွေအပေါ် ဒေါသဖြစ်နေကြောင်း သိရှိရပါတယ်။ ဝင်ဘလေကွင်းမှာ ကစားခဲ့တဲ့ အဆိုပါပွဲမှာ အင်္ဂလန်က ဘရာဇီးကို အန်ဒရစ်ခ်ရဲ့ တစ်လုံးတည်းသောဂိုးကြောင့် ရှုံးနိမ့်ခဲ့တာပါ။



ဒီပွဲမှာ အင်္ဂလန်ရဲ့ ခြေစွမ်းက အားရစရာမကောင်းခဲ့ဘဲ စိတ်ပျက်စရာဖြစ်ခဲ့ပြီး ညာနောက်ခံလူ ဝေါ်လ်ကာကလည်း ဒဏ်ရာရရှိသွားခဲ့ပါသေးတယ်။ ဒါ့အပြင် ဘယ်လ်ဂျီယံနဲ့ ကစားမယ့် ခြေစမ်းပွဲမှာလည်း ဟယ်ရီကိန်းကို ဒဏ်ရာပြဿနာကြောင့် လက်လွှတ်သွားရတော့မှာပါ။

ဒီပွဲအပြီးမှာ ဆောက်ဂိတ်က “အသင်းရဲ့ ခြေစွမ်းအတွက် ကျေနပ်မိပါတယ်။ ရှင်းလင်းတာတစ်ခုကတော့ ကျွန်တော်လည်း ဘောလုံးပွဲတွေမှာ ရှုံးနိမ့်ရတာကို မကြိုက်ပါဘူး။ ဒါပေမယ့် ကျွန်တော့်အထင် အသင်းအတွက် ကြုံတောင့်ကြုံခဲ ကစားခွင့်ရတဲ့ ကစားသမားတွေဆီက တစ်ဦးချင်းစွမ်းဆောင်ရည်ကောင်းတွေကို မြင်တွေ့ခဲ့ရတယ်လို့ ထင်ပါတယ်”

“ပုံမှန်ကစားခွင့်ရနေတဲ့ ကစားသမားတွေကလည်း အရမ်းကိုကောင်းတယ်လို့ ထင်ပါတယ်။ ပွဲပြီးဖို့ (၁၅) မိနစ်အလိုလောက်မှာ ကျွန်တော့်အနေနဲ့ ကစားသမားအသစ် အများအပြားကို အသုံးပြုဖို့ လိုအပ်တယ်လို့ တွေးခဲ့ပြီး ပွဲကစားခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဂိုးပေါက်ကန်သွင်းခွင့်တွေလည်း ကျွန်တော်တို့ ရခဲ့ကြပါတယ်”

“ဒီတော့ ကွာခြားချက်တစ်ခုက အခိုက်အတန့်လေး တစ်ခုပဲဖြစ်ခဲ့ပြီး ဘောလုံးလောကရဲ့ ဒီအဆင့်မှာတော့ ဒါက ညှာတာမှုကင်းမဲ့တဲ့ ကိစ္စတစ်ခုပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ အင်္ဂလန်ပရိသတ်တွေကတော့ ဆောက်ဂိတ်ရဲ့ ပြောစကားတွေ၊ အသင်းရဲ့ ကစားပုံတွေကို သဘောမကျဘဲ ဆောက်ဂိတ်ကို ဝေဖန်ပြစ်တင်လျက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က