ချန်ပီယံလိဂ်ဖလားကိုပါ ယူနီုင်ဖို့ ကြိုးစားမယ်လို့ ပေါ်တာက ပြောခဲ့တာပါ။

အိမ်ကွင်းမှာ အဲဗာတန်နဲ့ ၂ ဂိုးစီသရေကျခဲ့ပြီးနောက် ချယ်လ်ဆီးနည်းပြဂရေဟမ်ပေါ်တာဟာ အသင်းပရိသတ်တချို့ရဲ့ အမျက်ဒ​ေါသနဲ့ ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့ပွဲတွေမှာ ရလဒ်တွေကောင်းခဲ့ပြီး အသင်းက တက်ရိပ်ပြလာလို့ အသက်ရှူချောင်ခဲ့ပေမယ့်လည်း တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ အဲဗာတန်ကို ၂ ဂိုးစီသရေကျခဲ့တာကြောင့် ပေါ်တာတယောက် မျက်နှာပျက်စရာတွေ ဖြစ်ခဲ့ရပါတယ်။ 

ညက ကစားခဲ့တဲ့ပွဲမှာလည်း ဦးဆောင်ဂိုးတွေကို ချယ်လ်ဆီးကသာ သွင်းယူနိုင်ခဲ့တာဖြစ်ပေမယ့် မထိန်းထားနိုင်ဘဲ ချေပဂိုးတွေပြန်ပေးခဲ့ရပါတယ်။ ဒါတွေက ဂရေဟမ်ပေါ်တာရဲ့ လူစားလဲလှယ်ပုံအမှားတွေကြောင့်လို့ ချယ်လ်ဆီးပရိသတ်တွေက ယူဆနေကြပြီး ဘာနည်းစနစ်မှ မရှိခဲ့သလို လူထုတ်ပုံနဲ့ လူစားလဲပုံတွေမှာ အားနည်းချက်တွေရှိနေခဲ့တယ်လို့ ဆိုခဲ့ကြပါတယ်။ 

ပိုပြီးဆိုးရွားခဲ့တာကတော့ ဒီပွဲမတိုင်ခင်မှာ ပေါ်တာက "အဲဗာတန်ကိုအနိုင်ကစားမယ်၊ ပြီးရင် ချန်ပီယံလိဂ်ဖလားရအောင် ကြိုးစားမယ်" ဆိုတဲ့ ပြောဆိုမှုပါ။ အဲဗာတန်ကို အနိုင်မရခဲ့တဲ့နောက်မှာ ဒီလိုပုံစံနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်လိုအသင်းကို ဘယ်လိုကျော်ဖြတ်မှာလဲဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ 

AzM ဆိုတဲ့ တွစ်တာအကောင့်ကတော့ ဒီပွဲအတွက် နည်းပြဖြစ်သူကို အပြစ်အားလုံးပုံချသင့်တယ်လို့ ရေးသားခဲ့ပါတယ်။ CHELSEA ဆိုတဲ့ နာမည်နဲ့ တွစ်တာအကောင့်ကလည်း ဂရေဟမ်ပေါ်တာကို ထုတ်ပယ်ပါတော့ဆိုပြီး ရေးသားခဲ့ပါတယ်။ ပေါ်တာကတော့ အသင်းနိုင်ပွဲမရခဲ့လို့ စိတ်ပျက်ခဲ့ရပေမယ့်လည်း တိုးတက်မှုတွေရှိလာကာ အနိုင်ရခဲ့သင့်တယ်လို့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။ 

"ဒီနေ့ည ပေးလိုက်ရတဲ့ ဂိုးတွေအတွက်တော့ ကျန​ော်တို့ စိတ်ပျက်ခဲ့ရပါတယ်၊ ၃ မှတ်ရဖို့ လုံလောက်တဲ့ကစားပုံကို ပြသနိုင်ခဲ့ပေမယ့်လည်း ခံစစ်ပိုင်းက ကောင်းကောင်းမလုပ်နိုင်ဘူးဆိုရင် လိုချင်တဲ့ ရလဒ်ကို ရမှာမဟုတ်ပါဘူး၊ ဧရိယာထဲမှာ တဦးချင်းအသာမရခဲ့ဘဲ အဲဒီလိုတွေဖြစ်နေတာက အန္တရာယ်ပါပဲ၊ အဲဗာတန်က အသင်းကောင်းပါ၊ ဒါပေမယ့် ကျနော်တို့လည်း ကောင်းအောင်ကစားနိုင်ခဲ့ပါတယ်" လို့ ပေါ်တာက ပြောသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က