နေးရှင်းလိဂ်အဖွင့်ပွဲမှာ ဟန်ဂေရီကို ရှုံးနိမ့်ခဲ့တာပါ။

ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ထိပ်ဆုံး ၃ သင်းစာရင်းဝင် အင်္ဂလန်ကတော့ နေးရှင်းလိဂ်အဖွင့်ပွဲမှာပဲ ဟန်ဂေရီကို အရေးနိမ့်ပြီး တပ်ပြန်ခေါက်လာခဲ့ရပါပြီ။ ဆောက်ဂိတ်က သူ့အသင်းကို အဓိကကစားသမားတွေနဲ့အတူ အသစ်ရွေးချယ်ထားတဲ့ ဘိုဝင်၊ ဂျိမ်းစ်ဂျက်စတင်တို့နဲ့ တွဲဖက်ပေးခဲ့မယ့် ဟန်ဂေရီကို မယှဉ်နိုင်ခဲ့ဘဲ ရှုံးနိမ့်ခဲ့ပါတယ်။

ဂိုးပေါက်တည့်မှုအကြိမ်မှာ ဟန်ဂေရီကတောင် သာလွန်ခဲ့ပြီး အင်္ဂလန်ရဲ့ တိုက်စစ်ကိုလည်း ကောင်းကောင်းခုခံပြနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုအဆင့်မှာ အင်္ဂလန်ကွင်းမှာ လာသရေကစားခဲ့တဲ့ ဟန်ဂေရီတို့ နေးရှင်းလိဂ်မှာ နိုင်ပွဲယူခဲ့ပြီး ဆောက်ဂိတ်ကို ကမ္ဘာ့ဖလားမတိုင်ခင် သွေးတိုးအောင် လုပ်သွားခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာ ဆောက်ဂိတ်က ရီစီဂျိမ်း၊ ဂရီလစ်ရှ်၊ ဂျွန်စတုန်းစ်၊ ကီဗင်ဖီးလစ်၊ ဆာကာတို့ထည့်သွင်းခဲ့ပေမယ့်လည်း ဟန်ဂေရီဂိုးပေါက်ထဲ ဘောလုံးရောက်အောင် မထည့်နိုင်ခဲ့ပါဘူး။ ဝိန်းရွန်နီရဲ့ စံချိန်ကို တတ်နိုင်သမျှ မြန်မြန်လေး လိုက်မီချင်တယ်ဆိုတဲ့ အသင်းခေါင်းဆောင်ဟယ်ရီကိန်းလည်း ဘာမှမလုပ်ပြနိုင်ခဲ့ပါဘူး။ 

နာမည်ကြီးထမင်းငတ်၊ အရေးကြုံလာပြီဆိုရင် တီကောင်ကို ခါးတောင်းကျိုက်ဖမ်းနေရတဲ့ အင်္ဂလန်ရဲ့ ဗီဇကတော့ ဖုံးမရဖိမရပါပဲ။ ယူရိုမှာ ဗိုလ်လုပွဲတက်ခဲ့လို့ အားလုံးက စောင့်ကြည့်နေပြီဆိုရင် ယောင်းမမြင်းစီးထွက်လာပြီး သူတို့ရဲ့စရိုက်အမှန်ကိုပဲ ပြသနေခဲ့တာပါ။ ကမ္ဘာ့ဖလားမတိုင်ခင်မှာ သူ့အသင်းအတွက် ပြင်ဆင်စရာတွေရှိနေတယ်ဆိုတာကို အရှုံးနဲ့ရင်းပြီး ဆောက်ဂိတ်တယောက် သင်ခန်းစာရခဲ့တဲ့ပွဲပါပဲ။ 

Share

က္က