ပရိသတ်အများကြီးနဲ့ Birthday Show ပွဲကို အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့ပါတယ်။

အံ့သြသွားရလောက်အောင် ပရိသတ်ပေါင်းများစွာ အားပေးခဲ့ကြတဲ့ စိုင်းစိုင်းရဲ့ Birthday Show ပွဲကြီးကတော့ ဧပြီလ ၁၀ ရက်နေ့မှာပဲ အောင်အောင်မြင်မြင်ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ ဒီ Show ပွဲကြီးကတော့ သူ့အတွက် ၁၅ ကြိမ်မြောက် Birthday Show ပွဲကြီးဖြစ်ပါတယ်။

Photo: Thein Than Oo

စိုင်းစိုင်းခမ်းလှိုင်က April လ ၁၀ရက်နေ့မှာ ကျရောက်ခဲ့တဲ့ မွေးနေ့မှာ Birthday Wish လုပ်ပေးကြတဲ့ ပရိသတ်တွေ၊ သူငယ်ချင်းတွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ နောက်ထပ်လည်း Birthday Show အတွက် ဝိုင်းဝန်းကူညီခဲ့ကြသူတွေ အားလုံးကိုလည်း ကျေးဇူးတင်စကားဆိုထားပါသေးတယ်။

‘’SAISAI BIRTHDAY SHOW မှာပါဝင်တဲ့ ပရိသတ်များအားလုံး၊ သူငယ်ချင်းများအားလုံး၊ အနုပညာရှင်များအားလုံး။ ပါဝင်ကူညီကြသူများအားလုံး၊ ဒီ Project နဲ့ Operation မှာပါဝင်သူများအားလုံး၊ Sponsor များအားလုံး ၊ ဒီကွင်းထဲမှာရောက်နေတဲ့ တစ်ယောက်မကျန်အားလုံးနဲ့ အနယ်နယ်အရပ်ရပ်က ဆုတောင်းမေတ္တာပို့သပေးနေတဲ့ အားပေးပံ့ပိုးပေးနေတဲ့ စိုင်းစိုင်းမိတ်ဆွေများနဲ့ ပရိသတ်များအားလုံး ရင်ထဲ အသည်းထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်အပ်ပါတယ်ခင်ဗျား။ လေးစားစွာဖြင့် #Sai’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဧပြီလ ၁၁ ရက်နေ့ ညနေ ၄ နာရီ ၄၃ မိနစ်က ရေးသားထားတာ တွေ့ရပါတယ်။

Photo: Thein Than Oo

စိုင်းစိုင်းခမ်းလှိုင်ရဲ့ Birthday Show ပွဲကြီးကိုတော့ ဧပြီလ ၁၀ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီ Show ပွဲကတော့ ၁၅ ကြိမ်မြောက် Birthday Show ဖြစ်ပါတယ်။ပရိသတ်ပေါင်းများစွာတို့ကလည်း လာရောက်အားပေးခဲ့ကြတာကိုတွေ့ရပါတယ်။ စိုင်းစိုင်းကို အားပေးကြတဲ့ ပရိသတ်လူဦးရေကတော့ အံ့သြစရာကောင်းလောက်အောင် အားပေးလွန်းခဲ့ကြပါတယ်။ သုဝဏ္ဏဘူမိ Event Park အတွင်းမှာ နေရာလပ်မရှိအောင်ကို ကြိတ်ကြိတ်တိုးခဲ့ကြတာပါ။ Birthday Show လက်မှတ်တွေကိုလည်း VVIP ၅ သောင်းကျပ်၊ VIP ၃ သောင်းကျပ် နဲ့ GA ၁၂၀၀၀ ကျပ်တို့နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။အ
Photo: Thein Than Oo

စိုင်းစိုင်းက ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်တဲ့။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo: Thein Than Oo

စိုင်းစိုင်း (Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာ မင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာ ရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့ နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က