လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ပေးပို့ခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဆီးရီးယားနဲ့ တူရကီမှာ ဆိုးရွားတဲ့ ငလျင်ကြီးကြောင့် သားကောင်းဖြစ်ခဲ့ရတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက်ထားတဲ့ ထောက်ပံ့ကူညီရေးပစ္စည်းတွေအပြည့်ပါဝင်တဲ့ လေယာဉ်ကို စေလွှတ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်းဟာ ကြီးမားတဲ့ သေဆုံးမှုအရေအတွက်နဲ့ လူပေါင်းများစွာရဲ့ ဘဝကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့တဲ့ ကြေကွဲဖွယ် မြင်ကွင်းတွေကြောင့် အလွန်စိတ်ထိခိုက်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ရော်နယ်လ်ဒိုဟာ ငလျင်ဘေးဒဏ်ခံခဲ့ရတဲ့ ဒေသက ဒုက္ခသည်တွေကို အကူအညီပေးနိုင်ဖို့အတွက် ကူညီထောက်ပံ့ရေးပစ္စည်းတွေကို လေယာဉ်နဲ့ ပေးပို့ခဲ့တာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ရွက်ဖျင်တဲ၊ အစားအစာ၊ ခေါင်းအုံး၊ စောင်၊ အိပ်ရာ၊ ကလေးငယ်တွေအတွက် ဖြည့်စွက်အာဟာရ၊ နို့၊ ဆေးဝါးတွေကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ပေးပို့ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ရော်နယ်လ်ဒိုပေးပို့ခဲ့တဲ့ ပစ္စည်းတွေဟာ ဆီးရီးယားနဲ့ တူရကီက ဒုက္ခသည်တွေဆီ ပေးပို့ခဲ့ပြီးဖြစ်ပြီး ဘလွန်ဒေါ ၅ ဆုရှင်ရဲ့ လုပ်ဆောင်မှုဟာ သိပ်မကြာခင် ရက်ပိုင်း၊ လပိုင်းအတွင်းမှာ တခြား အားကစားလောကရဲ့ နာမည်ကျော်တွေ လိုက်လံအတုယူဖို့အတွက် စံနမူနာဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။

Share

က္က