မက်ဆီရဲ့ အပြောင်းအရွှေ့အပေါ် ဘက်ခမ်းက တော်တော်စိတ်နှစ်ထားခဲ့တာပါ။

မက်ဆီဟာ ဒီနေ့မှာပဲ အင်တာမိုင်ယာမီရဲ့ ကစားသမားအဖြစ် တရားဝင်စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကစားသမားသစ်အဖြစ် မိတ်ဆက်ခဲ့ပြီး အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေပါ ဆင်းခဲ့ပြီး စာချုပ်လက်မှတ်ရေးထိုးတာကိုတော့ နောက်မှ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

ဒီလက်မှတ်ရေးထိုးမှုမှာ အသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ်းလည်း ပါဝင်ခဲ့ပါတယ်။ ဘက်ခမ်းဟာ လက်မှတ်ရေးထိုးမှုမလုပ်ခင် စားပွဲခုံပေါ်မှာ မက်ဆီရဲ့ ဂျာစီကို သူကိုယ်တိုင် သေချာခေါက်ပြီးတော့ တင်ထားခဲ့ကာ သူ့ရဲ့ ကစားသမားသစ်အတွက် ဘယ်လောက်ထိ စိတ်နှစ်ထားလဲဆိုတာကို ပြသခဲ့ပါတယ်။ 

မက်ဆီကို ကြိုဆိုဖို့အတွက် ကြီးမားတဲ့ နံရံဆေးရေးပန်းချီပုံ ရေးဆွဲတုန်းကလည်း ဘက်ခမ်းက သူကိုယ်တိုင် ရေးဆွဲမှုတချို့ လုပ်ခဲ့ပြီး အနီးကပ်ကြီးကြပ်ခဲ့ပါတယ်။ မက်ဆီရဲ့ မိတ်ဆက်ပွဲအတွက်လည်း အတတ်နိုင်ဆုံး ခမ်းနားနေအောင် ပြင်ဆင်ပေးခဲ့ပြီး အာဂျင်တီးနားသားအတွက် လိုလေသေးမရှိအောင်ကို လုပ်ပေးခဲ့တာပါ။

အခုလည်း သူကိုယ်တိုင် မက်ဆီရဲ့ ဂျာစီကို ခေါက်ပေးခဲ့ပုံကို ပရိသတ်တွေက မှတ်ချက်အမျိုးမျိုးပေးနေခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားတဦးကို သူ့အသင်းအတွက် ပိုင်ဆိုင်ခဲ့တာဖြစ်လို့ ဘက်ခမ်းတယောက် စိတ်ကျေနပ်နေခဲ့ပြီး ဒီအပြောင်းအရွှေ့အပေါ် ဘယ်လောက်အလေးထားလဲဆိုတာကို ပြသခဲ့တယ်လို့ ဆိုနေကြပါတယ်။ 

Share

Loading Next Article...
က္က