နည်းပြကလော့ပ်က ဘာမှ သတင်းထူးမရှိဘူးလို့ သောကြာနေ့က ပြောခဲ့တာပါ။

မိုဟာမက် ဆာလားဟာ လီဗာပူးလ်အသင်းမှာ ဆက်လက်ရှိနေချင်တဲ့ ဆန္ဒကို ထပ်မံ ပြောကြားခဲ့ပြီး အသင်းကို စာချုပ်သစ်ချုပ်ဆိုမယ့် ကိစ္စကို ဖြေရှင်းဖို့ တောင်းဆိုခဲ့ပါတယ်။

ယာဂန် ကလော့ပ်က ပြီးခဲ့တဲ့သောကြာနေ့က ဆာလားရဲ့ စာချုပ်သစ်အတွက် ပြောစရာ အကြောင်းထူးမရှိဘူးလို့ ပြောကြားခဲ့တာဖြစ်ပြီး အီဂျစ်တိုက်စစ်မှူးကလည်း ၎င်းရဲ့မွေးရပ်ဇာတိနိုင်ငံက တီဗွီရုပ်သံဌာနနဲ့ အင်တာဗျူးမှာ အဲဒီပြောကြားချက်ကို အတည်ပြုခဲ့တာဖြစ်ပါတယ်။ ဆာလားဟာ လက်ရှိမှာတော့ လီဗာပူးလ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ၁၈ လအတွင်းကို ဝင်ရောက်နေပြီဖြစ်ပြီး ဘာစီလိုနာနည်းပြ ဇာဗီကတော့ တစ်နေ့မှာ နူးကမ့်ကို ယခုရာသီ ရွှေဖိနပ်နဲ့အတူ ပြေးလွှားခြိမ်းခြောက်နိုင်တဲ့ ကစားသမားကို ခေါ်ယူချင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။



ပရီးမီးယားလိဂ်ကနေ ပြောင်းရွှေ့ထွက်ခွာဖို့ဆိုတာက ဆာလားရဲ့ ချက်ချင်းလုပ်ဖို့ စဉ်းစားထားတဲ့အတွေးမဟုတ်ဘဲ အီဂျစ်တိုက်စစ်မှူးဟာ အန်းဖီးမှာ ဆက်လက်နေနိုင်ဖို့အတွက် လီဗာပူးလ်နဲ့ သဘောတူညီမှု ရရှိချင်နေတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းကလည်း မိုဟာမက် ဆာလားကို ၎င်းတို့ရဲ့အသင်းသမိုင်းတလျှောက်မှာ အကြီးမားဆုံးစာချုပ်ကို ပေးဖို့ လိုအပ်လိမ့်မယ်ဆိုတာကို သတိပြုမိနေတာဖြစ်ပါတယ်။

"အဆုံးအဖြတ် စီမံခန့်ခွဲရေးဌာနရဲ့ လက်ထဲမှာဖြစ်ပြီး သူတို့တွေ ဒီကိစ္စကို ဖြေရှင်းရမှာပါ။ ဘာပြဿနာမှမရှိပေမယ့် ကျွန်တော်တို့ စာချုပ်အတွက် သဘောတူညီမှု ရအောင်လုပ်ရပါမယ်။ အဲဒါက သူတို့နဲ့ပဲ ဆိုင်ပါတယ်။ ခင်ဗျားရဲ့ လစာပမာဏဟာ အသင်းက ခင်ဗျားလုပ်နေတာတွေကို အသိအမှတ် ဘယ်လောက်ပြုလဲဆိုတာ ပြသနေပြီး သူတို့တွေက ခင်ဗျားဆက်ရှိနေဖို့ ဘာမဆို လုပ်သွားဖို့ အဆင်သင့်ဖြစ်နေတယ်ဆိုတာကို ပြနေတာပါ။ ဒါပေမယ့် ဆုံးဖြတ်ချက် ကိုယ်တိုင်ကိုက ငွေကြေးကြေးရေးတစ်ခုတည်းအပေါ်မှာပဲ မူတည်နေတာမဟုတ်ပါဘူး"

"ကျွန်တော့်ကို ဇာဗီက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အကြောင်း ပြောခဲ့တာကို ကျွန်တော် ဖတ်ခဲ့ပါတယ်။ ဘာစီလိုနာလို အသင်းမျိုးက ကျွန်တော့်ကို စိတ်ဝင်စားတာက ပျော်ရွှင်အောင် လုပ်နိုင်တဲ့ တစ်စုံတခုပါပဲ။ ဒါပေမယ့် ကျွန်တော် လီဗာပူးလ်မှာ ပျော်ရွှင်နေပြီး အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာ ကြည့်ကြတာပေါ့။ အခုအချိန်မှာတော့ ကမ္ဘာပေါ်က အားအကောင်းဆုံးလိဂ်ဖြစ်တဲ့ ပရီးမီးယားလိဂ်မှာပဲ ကျွန်တော် ဆက်နေချင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

က္က