အမ်ဘာပေကတော့ ပီအက်စ်ဂျီ ဘာပြောပြောကို ငြင်းဆန်နေတာပါ။

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေဟာ အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ထပ်မံငြင်းဆန်လိုက်ကြောင်း သိရှိရပါတယ်။ အမ်ဘာပေဟာ လာမယ့်နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမားလည်းဖြစ်ပါတယ်။



သူ့အနေနဲ့ အသင်းနဲ့ နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်ရှိပေမယ့် ဒါကို သက်တမ်းတိုးတော့မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ထားပါတယ်။ အဲ့ဒါကြောင့်လည်း ပီအက်စ်ဂျီတို့ အမ်ဘာပေကို လက်ရှိနွေရာသီမှာ စာချုပ်သစ် မချုပ်နိုင်ခဲ့ရင် လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရတော့မှာလည်း ဖြစ်ပါတယ်။

ဒီလိုမျိုး မဖြစ်ဖို့ ပီအက်စ်ဂျီတို့ အမ်ဘာပေကို လက်ရှိနွေမှာပဲ ရောင်းချဖို့ အပူတပြင်း ကြိုးစားနေရပြီး အမ်ဘာပေကတော့ ဆော်ဒီကလပ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ပီအက်စ်ဂျီတို့ နောက်ထပ်နည်းလမ်းတစ်မျိုးနဲ့ အမ်ဘာပေကို အသင်းမှာ ဆက်ထိန်းထားဖို့ ကြိုးစားခဲ့ပေမယ့် ဒါကလည်း ကစားသမားရဲ့ဆန္ဒမပါဝင်မှုကြောင့် မအောင်မြင်ခဲ့ပါဘူး။

ပီအက်စ်ဂျီဟာ အမ်ဘာပေကို အသင်းနဲ့ (၂၀၂၅) ခုနှစ်အထိ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိနေပြီး အဆိုပါ စာချုပ်ထဲမှာ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးအတိုင်းရရှိရင် အမ်ဘာပေကို ရောင်းချသွားမယ်ဆိုတဲ့ ကတိနဲ့ ကမ်းလှမ်းခဲ့တာပါ။ ဒါပေမယ့် အမ်ဘာပေကတော့ လာမယ့်နွေမှာပဲ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလိုနေပါတယ်။

အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့အတွက်သာ ဆန္ဒရှိနေပြီး ပြီးခဲ့တဲ့နွေရာသီမှာ အမ်ဘာပေအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၂၀၀) နီးပါး အသုံးပြုဖို့ ရီးရဲလ်မက်ဒရစ်တို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ အမ်ဘာပေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့သာ ခေါ်ယူဖို့ အဆိုပါ မက်ဒရစ်မြို့ခံအသင်းဘက်က ဆန္ဒရှိနေပြီး ပီအက်စ်ဂျီက အရောင်းစာရင်း တင်ထားချိန်မှာတောင် ကမ်းလှမ်းခဲ့ခြင်း မရှိပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က