စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့သူပါ။

ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး အသင်းကနေ ထွက်ခွာမလား၊ စာချုပ်သစ်ချုပ်ဆိုမလားဆိုတာကို ဆုံးဖြတ်ရတော့မှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်စ်တို့က သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ 


ယူနိုက်တက်ကွင်းလယ်လူပေါ့ဂ်ဘာဟာ သူ့ရဲ့ကစားသမားဘဝမှာ အရေးအကြီးဆုံးဖြစ်လာမယ့် ဆုံးဖြတ်ချက်ကို လာမယ့်လအနည်းငယ်အတွင်းမှာ ချမှတ်သွားရဖို့ ရှိနေပြီဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး အသင်းကနေ ထွက်ခွာမလား၊ စာချုပ်သစ်ချုပ်ဆိုမလားဆိုတာကို ဆုံးဖြတ်ရတော့မှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်စ်တို့က သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ 



အစောပိုင်းသတင်းတွေအရဆိုရင် သူကလည်း ယူနိုက်တက်မှာ တစ်ပတ်လုပ်ခပေါင်လေးသိန်းအထိ အလိုရှိနေတယ်လို့ ဆိုပါတယ်။ အသက် ၂၈ နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူဟာ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ယူနိုက်တက်က စာချုပ်သစ်ချုပ်ဆိုချင်နေပေမယ့် ကစားသမားဘက်က အခုချိန်ထိ ဆုံးဖြတ်သေးတာမျိုးမရှိသေးဘူးလို့သိရပါတယ်။ ဒီစာချုပ်သစ်ကိစ္စမှာ ကစားသမားရဲ့ ဆန္ဒ၊ လုပ်ခလစာ၊ ကလပ်အသင်းရဲ့ အောင်မြင်မှုတွေက အဓိကနေရာကနေ ပါဝင်နေပါတယ်။ 

ဒီရာသီမှာ ပေါ့ဂ်ဘာက ပရီးမီးယားလိဂ်ရဲ့ ဖန်တီးမှုအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။ ပြိုင်ပွဲစုံအရပ်ရပ်မှာ ၉ ကြိမ်အထိ ပေါ့ဂ်ဘာက ဖန်တီးပေးထားနိုင်ခဲ့ပြီး ကိန်းဂဏန်းအချက်အလက်တွေအရ တော်တော်ကောင်းကောင်းမွန်တဲ့ ခြေစွမ်းမျိုးမှာ ပေါ့ဂ်ဘာကရှိနေပါတယ်။ အခွင့်အရေးဖန်တီးမှုပေါင်း ၂၁ ကြိမ်အထိလည်း သူက ပြုလုပ်ထားနိုင်ခဲ့ပြီး ဆိုးလ်ရှားအတွက်တော့ မရှိမဖြစ်အရေးပါနေတဲ့ ကစားသမားလည်းဖြစ်နေပါတယ်။ 

ဒါပေမယ့်လည်း နောက်ဆုံးငါးပွဲဆက်တိုက်မှာ ပေါ့ဂ်ဘာက ဖန်တီးမှုတစ်ကြိမ်မှတောင် ပြုလုပ်ထားနိုင်ခဲ့ခြင်းမရှိတော့ဘဲ သူ့ရဲ့ဖန်တီးမှုတွေကို အဆုံးသတ်ရာမှာ အားနည်းချက်တွေရှိခဲ့လို့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ လက်ရှိမှာ ရော်နယ်ဒိုက အသင်းရဲ့အဓိကကစားသမားအဖြစ် ယူဆခံနေရပြီး ပေါ့ဂ်ဘာက သူ့ရဲ့အခန်းကဏ္ဍမှေးမှိန်နေတယ်လို့ ခံစားရကြောင်းလည်း သတင်းတွေထွက်ပေါ်နေပါတယ်။ 

ယူနိုက်တက်အနေနဲ့ သူတို့ကစားသမားကို ရောင်းချချင်စိတ်မရှိတာက ထင်ရှားနေပေမယ့်လည်း စာချုပ်သစ်ကို မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်နိုင်ခြင်းမရှိတာက စိုးရိမ်စရာဖြစ်နေပါတယ်။ ပေါ့ဂ်ဘာအနေနဲ့ ပြီးခဲ့တဲ့ရာသီတွေကလည်း အသင်းကထွက်ခွာချင်တယ်လို့ လူသိရှင်ကြားဖွင့်ဟမှုတွေရှိခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ တိကျခိုင်မာတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ 

Share

က္က