သမီးလေးရဲ့ ချစ်စရာကောင်းတဲ့ အကြောင်းလေးတွေကို ခင်ဇာခြည်ကျော်ကပြောပြလာပါတယ်။ သမီးလေးဟာ စာလည်း ကြိုးစားတယ်လို့ ဆိုပါတယ်။ သားချော၊ သမီးချော တို့ရဲ့ မေမေ ခင်ဇာခြည်ကျော်ကတော့ တကယ်ကို ကံကောင်းတဲ့ မိခင်တစ်ယောက်ပါပဲ။
Photo: Khin Zar Chi Kyaw Facebook
ခင်ဇာခြည်ကျော်တစ်ယောက် သမီးငယ်လေး ထင်သစ္စာရဲ့ စာတော်ကြောင်း၊ လိမ္မာကြောင်းတွေ ကို အခုလို ရေးသားခဲ့ပါတယ်။ သူ့အနေနဲ့ သားချောလေးရော၊ သမီးချောလေးရော ပိုင်ဆိုင်ထားတာ ဖြစ်တဲ့အတွက် မျက်နှာ အတော် ပွင့်တဲ့ မေမေ တစ်ယောက်လည်း ဖြစ်ပါတယ်။
'' ကျွန်မရဲ့ အသည်းလေး စာဂျပိုးလေး ကျောင်းစတက် ကတည်း က ဒီ နေ Gread 9 ရောက် တဲ့ထိ စာ ကျက် ပါ စာ လုပ်ပါ တစ်ခွန်း မှ မ ပြော ခဲ့ ရ သူ သမီး လေး ပါ။ ဒါ ကြောင့် အရမ်းချစ်'' ဆိုပြီးတော့ သူ့ရဲ့ သမီးငယ်လေး ပုံတွေကို တင်ပြီး စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၆ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။
Photo: Khin Zar Chi Kyaw Facebook
သရုပ်ဆောင်ခင်ဇာခြည်ကျော်မှာတော့ အရမ်းကိုချောမောပြီး ချစ်စရာကောင်းလွန်းကြတဲ့ သားကြီး ဘုန်းမင်းနေလ နဲ့ သမီးငယ်လေး ထင်သစ္စာ တို့ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ သားကြီး ဘုန်းမင်းနေလကတော့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ ရဲ့ အသဲစွဲမင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။
သားကို တကယ်ချစ်တဲ့ ချွေးမပဲ ဖြစ်စေချင်တယ်ဆိုတဲ့ ခင်ဇာခြည်ကျော်
Photo: Khin Zar Chi Kyaw Facebook
သမီးငယ်လေး ထင်သစ္စာကတော့ လက်ရှိကျောင်းပညာရေးကိုဘဲ အဓိက ဦးစားပေးနေတယ်လို့ သိရပါတယ်။ ကျောင်းပညာရေးကိုဘဲ အဓိက ထားစေချင်တာကြောင့် သမီးလေးကိုလည်း အနုပညာအလုပ်တွေ လုပ်ခွင့်မပေးထား ဘူးလို့ သိရပါတယ်။ သူတို့ရဲ့ မိသားစုပုံစံ လေးကတော့ ပရိသတ်တိုင်းရဲ့ အားကျချစ်ခင်မှုကို ရရှိနေတုန်းပါဘဲ။ခင်ဇာခြည်ကျော် ကို ချစ်တဲ့ ပရိသတ်တွေကလည်း သားနဲ့ သမီးကို ချစ်ခင်အားပေးကြလို့ ဝမ်းသာတယ်လို့ဆိုပါတယ်။
Photo: Khin Zar Chi Kyaw Facebook
ခင်ဇာခြည်ကျော်ဟာ သားဖြစ်သူကို ခေါင်းဆောင်မင်းသားတစ်ယောက်အဖြစ် ဇာတ်ကားရိုက်ကူးမှုတွေ ကမ်းလှမ်းလာတာရှိပေမယ့် ခွင့်မပြု သေးဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဘုန်းမင်းနေလဟာ မိန်းကလေး ပရိသတ်တွေများစွာ ပိုင်ဆိုင်ထားသလို မဂ္ဂဇင်းဓာတ်ပုံတွေ ရိုက်ကူးနေရုံသာမက တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရပြီဖြစ်ပါတယ်။