လိမ္မာတဲ့ ကလေးတစ်ယောက်တဲ့။

မိဘနှစ်ယောက် တစ်ယောက်လမ်းကို တစ်ယောက် လျှောက်နေရပေမယ့် သားလေးကိုတော့ နှစ်ယောက်ပေါင်းပြီး ထိန်းတယ်လို့မေသန်းနုက ဆိုပါတယ်။ မိဘတွေနဲ့ ပတ်သက်လို့ ခံစားချက်တွေ ရှိပေမယ့်လည်း ဘယ်တော့မှ ဖွင့်ပြောပြလေ့ မရှိဘူးတဲ့။

 

Photo : မင်းသန့်မောင်မောင်



စင်ရော်မောင်မောင်နဲ့ မေသန်းနုတို့ရဲ့ တစ်ဦးတည်းသော သားလေး မင်းသန့်မောင်မောင်က အနေအေးတဲ့သူတစ်ယောက် ဖြစ်ပြီး ခံစားချက်တွေ ရှိနေရင်တောင်မှ ဖွင့်ပြောတတ်တဲ့ ကလေးမဟုတ်ဘူးလို့ မေသန်းနုက ပြောပါတယ်။

“မိဘကိုတော့ သူက ဒုက္ခမပေးဘူး။ မိဘကပဲ ဒုက္ခပေးသလို ဖြစ်နေတာ။ သားက ခံစားချက်တွေကို မပြောဘူး။ ဟိုတစ်ခါ သူရိုက်တဲ့ ဇာတ်လမ်းလေးလေ။ short film လေး ရိုက်မယ်ပေ့ါ။ ဘယ်လိုပုံစံလေးလဲမေးကြည့်တော့ သူဇာတ်ပဲ သူရိုက်မယ်တဲ့။မိဘတွေ အဆင်မပြေဘူး သားသမီးက ကြားထဲမှာ ဘယ်လို ခံစားချက်တွေ ရှိတယ်ဆိုတာမျိုးကို သူရိုက်မယ်လို့ ပြောတော့မှ အစက သူက အေးအေးပဲ နေတတ်တော့ ဘာဖီလင်မှ မရှိဘူး သူနေတတ်တယ်လို့ သားကို သတ်မှတ်ထားတာ။ သူဇာတ်ကို ကြည့်တော့မှ စိတ်မကောင်းဖြစ်မိတယ်။ သူဟာ ခံစားချက်ကို မျိုသိပ်တယ်” ဆိုပြီး ဇွန်လ(၂၂) ရက်နေ့က Duwun media ကို ပြောပြခဲ့တာပါ။

ဆက်လက်ပြီးတော့လည်း မေသန်းနုက သူမရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြိး ပြောပြခဲ့ပါသေးတယ်။

“မဆင့်တို့က ဒီတိုင်းပါပဲ။ မဆင့်လည်း ကိုယ့်ဘဝကို လျှောက်တယ်။ သူ့အဖေလည်း သူ့ဘဝသူ လျှောက်တယ်။ သားကိုတော့ နှစ်ယောက်ပေါင်းပြီးတော့ အဓိက သူလည်း ထိန်းတယ်။ ကိုယ်လည်း ထိန်းတယ်။ ကလေးကလည်း နှစ်ယောက်ပေါင်းကို ဟိုလည်း ချစ်တယ်။ ဒီလည်း ချစ်တယ်။ သူကတော့ မျှတယ်။မဆင့်တို့က သားကို အလိုလိုက်တယ်။ အမေရှ့ဆိုလည် အဖေအကြောင်း မပြောဘူး အဖေရှေ့ဆိုလည်း အမေအကြောင်းမပြောဘူး သူနဲ့ ပတ်သက်ရင်တော့ ဘာပြဿနာမှ မရှိဘူး” လို့ ဆိုပါတယ်။

အခုဆိုရင် မင်းသန့်မောင်မောင်ဟာ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေ လုပ်ကိုင်နေပြီဖြစ်တာကြောင့် သားလေးကို အားပေးဖို့အတွက် မေသန်းနုက မီဒီယာကတဆင့် ပြောပြခဲ့ပါသေးတယ်။

 

မင်းသန့်မောင်မောင်ဟာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ က မြန်မာနိုင်ငံကို အပြီး ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ သူဟာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာရှိတဲ့ New York Film Academy မှာ ၃ နှစ်ကျော်အကြာ ပညာသင်ကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် Bachelor of Fine Arts ဘွဲ့ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သူ့ကိုတော့ မိခင်ဖြစ်သူ သရုပ်ဆောင် မေသန်းနုနဲ့ အတူ တီဗီကြော်ငြာတွေ ကနေတဆင့် ပရိသတ်တွေ အားပေးချစ်ခင်လာခဲ့ရတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က