အင်တာဗျူးလုပ်တဲ့အချိန်မှာ ပြောကြားခဲ့တာပါ။

အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူ ဘယ်လင်ဟမ်က ယူရိုရှုံးထွက် (၁၆) သင်းအဆင့်မှာ ဆလိုဗက်ကီးယားနဲ့ ထိပ်တိုက်တွေ့နေတာကို မသိရှိခဲ့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ အင်္ဂလန်ဟာ အုပ်စုပထမနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့တဲ့ အသင်းတစ်သင်းပါ။



ဒါပေမယ့် အုပ်စုတွင်းမှာ တစ်ပွဲတည်း အနိုင်ရရှိခဲ့ပြီး အဲ့ဒီပွဲမှာ တစ်လုံးတည်းသော အနိုင်ဂိုးကို ဘယ်လင်ဟမ်က သွင်းယူပေးခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း ဒိန်းမတ်၊ ဆလိုဗေးနီးယားတို့ကို အင်္ဂလန်က သရေသာ ကစားနိုင်ခဲ့ပြီး အခုလိုမျိုး နောက်တစ်ဆင့် တက်ခဲ့တာ ဖြစ်ပါတယ်။

ဆလိုဗက်ကီးယားကတော့ ဘယ်လ်ဂျီယံပါဝင်တဲ့ အုပ်စုမှာ အကောင်းဆုံး အုပ်စုတတိယနဲ့ တက်လာခဲ့ပြီး အင်္ဂလန်နဲ့ ထိပ်တိုက်တွေ့နေတာပါ။ ဒီလိုမျိုး ယူကျုချန်နယ်နဲ့ အမေးအဖြေလုပ်နေချိန်မှာ ဘယ်လင်ဟမ်က နောက်တစ်ဆင့်အတွက် ဘယ်အသင်းနဲ့ ထိပ်တိုက်တွေ့မယ်ဆိုတာကို မသိခဲ့ပါဘူး။

အင်္ဂလန်အစီအစဉ်တင်ဆက်သူ ဒန်ဇယ်က “အားလုံးက တနင်္ဂနွေနေ့မှာ ဆလိုဗက်ကီးယားနဲ့ ကစားမယ့်ပွဲအတွက် အာရုံစိုက်နေကြပြီ။ ခင်ဗျားရော ဘယ်လိုမျိုး ခံစားရလဲ” လို့ မေးမြန်းခဲ့တာပါ။ ဒါပေမယ့် ဘယ်လင်ဟမ်ကတော့ “ခင်ဗျားပြောတဲ့အချိန်အထိ ကျနော် ဆလိုဗက်ကီးယားနဲ့ တွေ့မှာကို မသိသေးဘူး” လို့ ပြောကြားခဲ့ပါတယ်။

ဘယ်လင်ဟမ် ဒီလိုမျိုး ပြောကြားချိန်မှာ ဒန်ဇယ်ရော၊ အင်တာဗျူးအတွက် အတူတူထိုင်နေတဲ့ အာနိုးလ်ရောက ရယ်မောခဲ့ကြပါတယ်။ ဘယ်လင်ဟမ်က ပြီးခဲ့တဲ့ရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် အကောင်းဆုံးခြေစွမ်းပြခဲ့ပေမယ့် လက်ရှိယူရိုမှာတော့ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က