ပေါ်တူဂီကလည်း ခြေစစ်ပွဲအောင်သွားခဲ့ပါပြီ။

မနေ့ညက ကစားခဲ့တဲ့ ပေါ်တူဂီနဲ့ ဆလိုဗက်ကီးယားတို့ရဲ့ ယူရို - ၂၀၂၄ ခြေစစ်ပွဲမှာ ပေါ်တူဂီက ၃-၂ ဂိုးနဲ့ အနိုင်ရရှိပြီး ယူရိုခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီပွဲမှာလည်း ရော်နယ်ဒိုက အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး နိုင်ငံတကာ စံချိန်သစ်တစ်ခုကို တင်ရှိနိုင်ခဲ့ပါတယ်။



ရော်နယ်ဒိုဟာ အသင်းအတွက် ဒုတိယဂိုးနဲ့ တတိယဂိုးတွေကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒီသွင်းဂိုးတွေကြောင့် နိုင်ငံတကာ ကစားသမားဘဝမှာ သွင်းဂိုး (၁၂၅) ဂိုးပြည့်မြောက်တဲ့ ပထမဆုံး အမျိုးသား ဘောလုံးသမားဖြစ်လာခဲ့ပါတယ်။
ဒါဟာ ဘောလုံးသမိုင်းတစ်လျှောက် ပထမဆုံးလည်းဖြစ်ပြီး ရော်နယ်ဒိုအနေနဲ့ အခြားကစားသမားတွေရဲ့ ဘောလုံးသမားဘဝ နေဝင်ချိန်ကို ကျော်လွန်လာသည့်တိုင် အကောင်းဆုံး စွမ်းဆောင်ပြနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အသက် (၃၀) နောက်ပိုင်းမှာလည်း ရော်နယ်ဒိုရဲ့ ဂိုးသွင်းမှတ်တမ်းက ပိုကောင်းလာခဲ့ပါတယ်။
အသက် (၃၀) ပြည့်ပြီးနောက်ပိုင်းမှ ရော်နယ်ဒိုသွင်းယူထားတဲ့ နိုင်ငံတကာ သွင်းဂိုးအရေအတွက်က (၇၃)​ ဂိုးအထိ ရှိနေတာပါ။ ဒါဟာ ဒီအသက်အရွယ်တန်းမှာ နိုင်ငံအသင်းအသီးသီးအတွက် အသက် (၃၀) ကျော် ကစားသမားတွေ သွင်းယူထားတဲ့ သွင်းဂိုးအရေအတွက်ထက် ပိုမိုများပြားတဲ့ ပမာဏလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ အယ်လ်နာဆာမှာလည်း ပုံစံကောင်းပြသနေဆဲဖြစ်ပြီး အခု (၂၀၂၃) အတွင်း ကလပ်အသင်းအတွက် သွင်းယူထားတဲ့ သွင်းဂိုးပမာဏကြောင့်လည်း ဂိုးသွင်းအများဆုံး ထိပ်တန်းကစားသမား (၃)​ယောက်စာရင်းထဲမှာ ပါဝင်နေဆဲလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က