ဘယ်လင်ဟမ်ရဲ့ပုံစံကို စိတ်ပူနေတာပါ။

အင်္ဂလန်ဂန္တဝင်ဟောင်း ရွန်းနီက လက်ရှိ အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဟမ်ကို ဆလိုဗက်ကီးယားနဲ့ပွဲမှာ ပြဿနာမရှာဖို့ သတိပေးလိုက်ပါတယ်။ အင်္ဂလန်ဟာ ဒီနေ့ညမှာ ယူရို ရှုံးထွက် (၁၆) သင်းအဆင့်ပွဲအဖြစ် ဆလိုဗက်ကီးယားနဲ့ ရင်ဆိုင်ရမှာပါ။



ဒီပွဲမတိုင်ခင်မှာ ရွန်းနီက “ဆလိုဗေးနီးယားနဲ့ပွဲ ပထမပိုင်းမှာတင် ဘယ်လင်ဟမ်က လက်ကြီးတမြှောက်မြှောက်နဲ့ အခြားသူတွေကို စိတ်ပျက်လက်ပျက်ဖြစ်နေတာပါ။ နည်းပြတွေ၊ ပရိသတ်တွေ၊ အသင်းဖော်တွေကို သူ စိတ်ပျက်နေတဲ့ပုံစံ ပြသခဲ့ပါတယ်”

“ကျနော်လည်း ကစားသမားဘဝမှာ လက်ရွေးစင်အသင်းနဲ့အတူ ဒါမျိုးတွေ အများကြီး ကြုံခဲ့ဖူးပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဒီလိုမျိုး စိတ်ပျက်မှုက အနီကတ်ထိတာမျိုး၊ ရူးကြောင်ကြောင် လုပ်လိုက်တာမျိုး၊ ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရစေတာမျိုး မဖြစ်ဖို့ ကျနော် မျှော်လင့်ပါတယ်။ ဆလိုဗေးနီးယားနဲ့ပွဲမှာ သူက ဒါမျိုး ဖြစ်ဖို့ နီးစပ်ခဲ့တာပါ”

“ဒီပြိုင်ပွဲမှာ သူက အများကြီး ကြိုးစားအားထုတ်ရင်းနဲ့ ပုံမှန်လုပ်နေကျမဟုတ်တဲ့ ဆုံးဖြတ်ချက်တွေကို လုပ်မိနိုင်ပါတယ်။ သူက ကျနော့်ကိုယ်ကို ပြန်မြင်စေပါတယ်။ ဒါပေမယ့် တစ်ခုခုမဟုတ်တာ မလုပ်လိုက်ပါနဲ့ ဘယ်လင်ဟမ်ရေ” လို့ သတိပေးပြောကြားလိုက်ပါတယ်။

အင်္ဂလန်ဟာ အုပ်စုအဆင့်ကို စိတ်ပျက်ဖို့ကောင်းတဲ့ ခြေစွမ်းနဲ့ ကျော်ဖြတ်လာခဲ့တာဖြစ်ပြီး ဘယ်လင်ဟမ်၊ ဟယ်ရီကိန်းတို့သာ အင်္ဂလန်အတွက် တစ်ဂိုးစီ သွင်းယူထားသေးတာပါ။ ဒီနေ့ညမှာ အနိုင်ရခဲ့ရင်တော့ အင်္ဂလန်က ကွာတားဖိုင်နယ်မှာ ဆွစ်ဇာလန်နဲ့ ကစားရမှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က