တစ်နေ့တာလုံးအသုံးပြုနိုင်မယ့် မြင့်မားတဲ့စွမ်းဆောင်ရည်၊ ဒီဇိုင်းသစ် S Pen နဲ့အဆင့်မြင်ကင်မရာတို့ ပါဝင်တဲ့ ဒီစမတ်ဖုန်းအသစ်က ပိုမိုအဆင်ပြေတဲ့နေ့စဉ်ဘဝကိုဖန်တီးပေးနိုင်စွမ်းရှိပါတယ်။

01.jpg 

Samsung Electronics Co., Ltd ရဲ့ အရည်အသွေးမြင့် Note စီးရီးစမတ်ဖုန်းတွေထဲမှာ အသစ်ထပ်မံထွက်ရှိလာတဲ့ Galaxy Note9 ကို မြန်မာနိုင်ငံမှာ သြဂုတ်လ၊ ၁၉ ရက်နေ့က တရားဝင်မိတ်ဆက်လိုက်ပါပြီ။

Note စီးရီးစမတ်ဖုန်းတွေဟာ Samsung ရဲ့တမူထူးခြားတဲ့ နောက်ဆုံးပေါ် တီထွင်ဆန်းသစ်မှုတွေကို အစဉ်အမြဲ ထည့်သွင်းဖန်တီးလေ့ရှိတာကြောင့် သုံးစွဲသူတွေကြားမှာ လူကြိုက်များတဲ့ စမတ်ဖုန်းမော်ဒယ်စီးရီးတစ်ခုပါပဲ။



ယခုထပ်မံထွက်ရှိလာတဲ့ အရည်အသွေးမြင့် စမတ်ဖုန်းသစ် Galaxy Note9 မှာလည်း အရည်အသွေးမြင့် စွမ်းဆောင်ရည်၊ Samsung မှ ပထမဆုံးတီထွင်ဖန်တီးလိုက်တဲ့ S Pen နဲ့ အဆင့်မြင့်ကင်မရာတို့ကို ထည့်သွင်းဖန်တီးထားတာ တွေ့ရပါတယ်။

“ကျွန်တော်တို့ Samsung ရဲ့ Note စမတ်ဖုန်းတွေက စွမ်းဆောင်ရည်မြင့် နည်းပညာ နဲ့ စမတ်ဖုန်းဆိုင်ရာ တီထွင်ဆန်းသစ်မှုတွေကို အစဉ်အမြဲ ဖော်ထုတ်ပြသခွင့်ရခဲ့တဲ့ ဖုန်းစီးရီးတွေဖြစ်တာကြောင့် သုံးစွဲသူတွေအနေနဲ့ Galaxy Note9 ကိုလည်း ခြွင်းချက်မရှိ သဘောကျနှစ်ခြိုက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့ခေတ် Note အသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေနဲ့ အံဝင်ခွင်ကျ အသုံးချနိုင်စေဖို့ အဆင့်မြှင့်တင်ထားတဲ့ စွမ်းဆောင်ရည်၊ လုပ်ဆောင်ချက်တွေနဲ့ Galaxy Note9 ကို ဒီဇိုင်းပြုလုပ်ဖန်တီးထားပါတယ်။” လို့ Samsung Myanmar ၏ Head of IT & Mobile Group ကိုဇာနည်ဝင်းထက်မှ ပြောကြားပါတယ်။

 တစ်နေ့တာလုံးအသုံးပြုနိုင်သည့် စွမ်းဆောင်ရည်

နေ့စဉ်လူနေမှုဘဝမှာ လုပ်ဆောင်လျက်ရှိတဲ့ လုပ်ငန်းဆောင်တာ အားလုံးနီးပါးဟာ စမတ်ဖုန်းတွေပေါ်မှာ မှီခိုလို့နေတာ အားလုံးအသိပါပဲ။ ဒါကြောင့် သုံးစွဲသူတွေအနေနဲ့ ဖုန်းအားသွင်းဖို့ အနီးစပ်ဆုံးနေရာလိုက်လံရှာဖွေရခြင်း၊ လျှပ်တစ်ပြက်ဓာတ်ပုံတစ်ပုံထပ်မံရိုက်ဖို့ လိုအပ်တဲ့ Storage အတွက် အရင်ရိုက်ထားတဲ့ ဓာတ်ပုံအချို့ကို ဖျက်ပစ်ရခြင်း၊ လေယာဉ်ပေါ်မတက်ခင် လိုအပ်တဲ့ ဖိုင်ကို ဒေါင်းလုတ်လုပ်နိုင်ဖို့ စိုးရိမ်ပူပန်စွာ စောင့်ဆိုင်းရခြင်း ဒါမှမဟုတ်ရင်လည်း ဂိမ်းဆော့တဲ့အချိန်မှာ ဖုန်းကလုပ်ဆောင်ပုံနှေးကွေးလေးလံနေတာကို သည်းခံရခြင်း စတဲ့ဒုက္ခတွေကိုကျော်လွှားနိုင်မယ့် စမတ်ဖုန်းတစ်လုံးကို အားလုံးပဲလိုအပ်နေကြမှာ အမှန်ပါပဲ။

သုံးစွဲသူတွေရဲ့ အဲဒီလိုလိုအပ်ချက်တွေကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ဖို့ Galaxy Note9 မှာ အောက်ဖော်ပြပါ စွမ်းဆောင်ရည်တွေပါဝင်လာပါတယ်။

တစ်နေ့တာလုံးကြာရှည်ခံတဲ့ ဘက်ထရီ - Galaxy Note9 မှာ ဖုန်းပြောခြင်း၊ မက်ဆေ့ချ်ပေးပို့ခြင်း၊ ဂိမ်းဆော့ခြင်းနဲ့ ရုပ်ရှင်ကြည့်ခြင်း စတာတွေကို တစ်နေ့တာလုံး လုပ်ဆောင်နိုင်မယ့်ကြာရှည်ခံ 4,000mAh ဘက်ထရီ ထည့်သွင်းပေးထား ပါတယ်။

ဖုန်းတွင်းဒေတာသိမ်းဆည်းမှု- Galaxy Note9 မှာဖုန်းတွင်းဒေတာသိမ်းဆည်းမှုအတွက် 128 GB ဒါမှမဟုတ် 512 GB ဆိုပြီးမှတ်ဉာဏ်ပမာဏ၂ မျိုး ရွေးချယ်နိုင်မှာပါ။ ဒါ့ပြင် 512GB microSD Card ထပ်မံထည့်သွင်းပြီး 1TB အထိ တိုးမြှင့်အသုံးပြုနိုင်တာကြောင့် သုံးစွဲသူတွေအနေနဲ့ မိမိတို့ကြိုက်နှစ်သက်ရာ ဓာတ်ပုံ၊ ဗီဒီယို နှင့် အက်ပလီကေးရှင်း တွေကို အပူအပင်ကင်းကင်းနဲ့ ဖုန်းအတွင်းသိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။

စွမ်းဆောင်ရည်မြင့် ဖုန်းအသုံးပြုမှု မြန်နှုန်း နဲ့ လုပ်ဆောင်ချက် -  Galaxy Note9 မှာ နောက်ဆုံးပေါ် 10nm processor နဲ့ တိုက်ရိုက်ကြည့်ရှုခြင်းအပါအဝင် LTE Cat.18 ရရှိပါက ဒေါင်းလုတ်ပြုလုပ်ရာမှာ ဈေးကွက်အတွင်း အမြန်ဆုံး ကွန်ယက်ချိတ်ဆက်မှုနှုန်းအဖြစ် တစ်စက္ကန့်အတွင်း 1.2 GB အထိ တုံ့နှေးရပ်တန့်သွားခြင်းမရှိ ပံ့ပိုးပေးနိုင်တဲ့စွမ်းဆောင်ရည်တွေ ပါဝင်လို့နေပါတယ်။ ဒါ့အပြင် Galaxy Note9 မှာစမတ်ဖုန်းနယ်ပယ်အတွင်း ထိပ်တန်းဖြစ်တဲ့ Samsung ကတီထွင်ထားတဲ့ Water Carbon Cooling လုပ်ဆောင်ချက်ပါရှိကာ algorithm အား ချိန်ညှိပြီး AI နည်းပညာ အခြေခံတဲ့ ဖုန်းတွင်းလုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်အောင်လည်းထည့်သွင်းပေးထားပါ သေးတယ်။

 

S Pen

S Pen ဟာ Note စီးရီးစမတ်ဖုန်းတွေရဲ့ အဓိကထူးခြားတဲ့ကိုယ်ပိုင်အမှတ်အသားပါပဲ။ သုံးစွဲသူတွေအနေနဲ့ အများနဲ့မတူရုံသာမကပဲ စမတ်ဖုန်းတစ်လုံးထက်ကျော်လွန်ပြီး တမူထူးခြားတဲ့ လုပ်ဆောင်ချက်တွေကို ပံ့ပိုးစွမ်းဆောင်နိုင်ဖို့ Samsung ကတိုးချဲ့ဖန်တီးထားခြင်းလည်းဖြစ်ပါတယ်။ စာရေးခြင်းနဲ့ ပုံဆွဲခြင်းအတွက်သာ ဖန်တီးခဲ့တဲ့ ကိရိယာသည် ယခုအခါ သုံးစွဲသူတွေလက်ထဲမှာ လုပ်ဆောင်ချက်အမြောက်အမြားကို ထိန်းချုပ်ပေးတဲ့ စွမ်းဆောင်ရည်တွေပါဝင်လို့နေပြီဖြစ်ပါတယ်။

ယခုအခါ Bluetooth Low-Energy (BLE) နည်းပညာထောက်ပံ့မှုနဲ့အတူ အသစ်ထွက်ရှိလာတဲ့  S Pen ဟာ Note ကို တမူထူးခြားစွာ အသုံးပြုနိုင်မယ့် နည်းလမ်းသစ်များစွာ ဆောင်ကြဉ်းပေးတော့မှာဖြစ်ပါတယ်။ Selfie ရိုက်ကူးမှု၊ အဖွဲ့လိုက်ဓာတ်ပုံရိုက်ကူးမှု၊အလုပ်နဲ့ပတ်သက်ပြီး Slideshow တွေပြသခြင်း၊ ဗီဒီယိုတွေကို အလွယ်တကူ ရပ်နိုင်၊ ဖွင့်နိုင်ခြင်း စတဲ့လုပ်ဆောင်ချက်တွေကို S Pen ကိုတစ်ချက်နှိပ်လိုက်ရုံနဲ့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ယခုနှစ်အတွင်း application ထုတ်လုပ်သူတွေအနေနဲ့လည်း S Pen မှာအသစ်ထည့်သွင်းထားတဲ့ အဆင့်မြင့် BLE ဆိုင်ရာ လုပ်ဆောင်ချက်တွေကို ပေါင်းစပ်ဖန်တီးနိုင်တော့မှာဖြစ်ပါတယ်။

Professional ဓာတ်ပုံဆရာတွေရိုက်ထားသလို ဓာတ်ပုံကောင်းတစ်ပုံကို ဖုန်းနှင့်ရိုက်ယူနိုင်ဖို့ ခက်ခဲတယ်ဆိုတဲ့ ယူဆချက်ကို ပယ်ဖျက်ပေးနိုင်မယ့် စွမ်းဆောင်ရည်အသစ်တွေနဲ့ ထိပ်တန်းကင်မရာနည်းပညာလည်း Galaxy Note 9 မှာပါဝင်နေပြီး ပြိုင်ဘက်ကင်းဓာတ်ပုံတစ်ပုံ ရရှိနိုင်စေဖို့ စွမ်းဆောင်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံက Samsung ချစ်သူတွေအနေနဲ့ Galaxy Note 9 ကို သြဂုတ်လ ၁၀ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း ပစ္စည်းလက်ကျန်ရှိသည်အထိ မှာယူနိုင်မှာပါ။ ကြိုတင်မှာယူလိုသူတွေအနေနဲ့ နီးစပ်ရာ Samsung အရောင်းဆိုင်ကြီးတွေ နဲ့ ရန်ကုန်မြို့နှင့်မန္တလေးမြို့အပါအဝင် အမြို့မြို့အနယ်နယ်ရှိ လက်လီအရောင်းဆိုင်ကြီးတွေမှာ စရန်ငွေ ၅၀၀၀၀ ကျပ် ပေးသွင်းကာ မှာယူနိုင်မှာဖြစ်ပါတယ်။

အဲဒီလိုကြိုတင်မှာယူထားသူတွေဟာ သြဂုတ်လ ၂၄ ရက်နေ့မှ သြဂုတ်လ ၃၀ ရက်အတွင်းမှာ ကိုယ်ကြိုတင်မှာယူခဲ့တဲ့ ဆိုင်မှာ သွားရောက်ထုတ်ယူနိုင်မှာဖြစ်ကာ အထူးအခွင့်အရေးအနေနဲ့ Galaxy Note9 (128 GB Version)  ဝယ်ယူသူတိုင်းအတွက် ၇ သောင်းကျပ်တန်ဖိုးရှိ Samsung Original Wireless Charger Stand ကိုလည်းကောင်း၊ Galaxy Note 9 (512 GB Version) ဝယ်ယူသူတိုင်းအတွက် ကျပ် ၁သိန်း၁သောင်းခန့် တန်ဖိုးရှိ ဖုန်းနှစ်လုံးအား တစ်ပြိုင်နက်အားသွင်းနိုင်သည့် Samsung Original Wireless Charger Duo ကိုလည်းကောင်း လက်ဆောင်အဖြစ် ရရှိမှာပါ။

ဒါ့အပြင် Samsung Myanmar ကနေပြီး ကြိုတင်မှာယူသူ Samsung ချစ်သူတွေကို ကျေးဇူးတုံ့ပြန်တဲ့ အထူးအစီအစဉ်အနေနဲ့ လက်ဆောင်ပစ္စည်းတွေအပြင် ဆုကြီးများစွာ ပါဝင်တဲ့ အထူးကံစမ်းမဲအစီအစဉ်ကိုလည်း စီစဉ်ထားပါသေးတယ်။ အဆိုပါအစီအစဉ်ကနေ ကံထူးနိုင်မယ့် ဆုလက်ဆောင်ပစ္စည်းတွေအနေနဲ့ အထူးဆုကြီးအဖြစ် Star City သန်လျင်မှ အိပ်ခန်းနှစ်ခန်းပါဝင်သော အဆင့်မြင့်တိုက်ခန်းတစ်ခန်း၊ ပထမဆုအဖြစ် ၂၀၁၇ မော်ဒယ် Mitsubishi Mirage ကားသစ်တစ်စီး၊ ဒုတိယဆုအဖြစ် Samsung 48” TV အလုံး ၃၀ နှင့် တတိယဆုအနေဖြင့် ရေစိုခံ Clip 2 Speaker အလုံး ၄၀၀ အစရှိသည့် ဆုမဲပေါင်း ၄၃၂ ဆုအထိပါဝင်မှာပါ။

Galaxy Note9 ဝယ်ယူူတွေအနေနဲ့ အထူးခံစားခွင့်တွေပါဝင်တဲ့ Samsung Premium Care ဝန်ဆောင်မှုကိုလည်း ခံစားခွင့်ရရှိဦးမှာပဲဖြစ်ပါတယ်။

Galaxy Note9 စမတ်ဖုန်း စတင်မိတ်ဆက်ခြင်းနှင့်အတူ Samsung Myanmar က mytel Myanmar နှင့် ပူးပေါင်းပြီး Galaxy Note9 ဖုန်းဝယ်ယူသူတွေအတွက် လစဉ် ဖုန်းငွေဖြည့်ကဒ် ၁၀,၀၀၀ ကျပ် ဖြည့်သွင်းရုံနဲ့ အင်တာနက်လက်ဆောင် 4GB နဲ့ mytel အချင်းချင်း ဖုန်းခေါ်ဆိုမှု မိနစ် ၂၀၀ အား ခြောက်လဆက်တိုက်ရရှိမယ့်အခွင့်အရေးလည်း ရှိနေပါသေးတယ်။

Samsung Galaxy Note9 ကိုအရစ်ကျဝယ်ယူချင်တယ်ဆိုရင်လည်း မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်တို့နဲ့ ချိတ်ဆက်ကာဝယ်ယူနိုင်ဦးမှာပါ။ အရစ်ကျဝယ်ယူလိုကြသူတွေအနေနဲ့ အဆိုပါဘဏ်တွေရဲ့ အနီးစပ်ဆုံး ဘဏ်ခွဲတွေကိုသွားရောက်ပြီး ဆက်သွယ်စုံစမ်းမေးမြန်းကာ ကြေညာထားတဲ့ သတ်မှတ်ချက်များအတိုင်း ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ Galaxy Note9 ကို သြဂုတ်လ ၂၈ ရက်၊ ၂၀၁၈ မှ စတင်ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး အမည်းရောင်၊ အပြာရောင်နှင့် ကြေးနီရောင်ဆိုတဲ့ အရောင်သုံးရောင်နှင့်အတူ မတူညီသည့် သိုလှောင်သိမ်းဆည်းနိုင်မှုပမာဏ နှစ်မျိုးဖြစ်တဲ့ 128 GB  ကိုဈေးနှုန်း ၁,၃၉၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ 512 GB (အရေအတွက်ကန့်သတ်ထား) ကို ဈေးနှုန်း ၁,၇၅၀,၀၀၀ ကျပ်ဖြင့်လည်းကောင်း နှစ်သက်ရာရွေးချယ်ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က