ကာလာသစ်သုံးသွားမှာပါ

တစ်နှစ်ကို flagship ဖုန်းသစ်နှစ်မျိုး ပုံမှန်မိတ်ဆက်နေကျ Samsung အတွက် Galaxy Note စီးရီးဟာ အရေးပါတဲ့ ထုတ်ကုန်တစ်ရပ်လည်း ဖြစ်ပါတယ်။ ဒီနှစ်မှာ Galaxy Note 9 ကို မြင်ရမှာဖြစ်ပြီး တရားဝင်မိတ်ဆက်သွားမယ့် ရက်လည်း သိရပြီဖြစ်ပါတယ်။

Photo: SlashGear

 

Samsung ရဲ့ တရားဝင် ဖိတ်ကြားမှုမှာ Galaxy Note 9 ကို သြဂုတ်လ ၉ ရက်နေ့မှာ မိတ်ဆက်ပြသသွားမယ်လို့ဖော်ပြထားပါတယ်။ Galaxy Note တွေဟာ သူ့အရင် မိတ်ဆက်ထားတဲ့ Galaxy S series သစ်တွေရဲ့ နည်းပညာနဲ့ဒီဇိုင်းကို အများကြီး ယူသုံးထားတဲ့ မှတ်တမ်းတွေ ရှိလို့ဒီနှစ်ထွက်မယ့် Galaxy Note 9 ဟာ Galaxy S9 တို့နဲ့သိပ်ကွာခြားဖို့တော့ မရှိပါဘူး။

အရင်နှစ် Galaxy Note 8 မှာဆို Galaxy S8 ရဲ့ Infinity Display ကို ပြန်ယူသုံးပြီး ထူးခြားတာက dual cameras ကို Samsung ဖုန်းတွေထဲမှာ ပထမဆုံး ပြောင်းလဲအသုံးပြုခဲ့တာ တွေ့ရပါတယ်။ Galaxy Note 9 မိတ်ဆက်ပွဲဖိတ်စာမှာ ထူးခြားတာက အဝါရောင်ကာလာသစ်ပါပဲ။ ဒါကတော့ Galaxy Note 9 မှာ မြင်ရဖို့ရှိတဲ့ အရောင်သစ်လို့ခန့်မှန်းနေကြပါတယ်။

ဒီဖုန်းအကြောင်း သတင်းအချက်အလက် များများစားစား မသိရသေးပေမယ့် တရုတ်နဲ့US ဈေးကွက်မှာ Snapdragon 845 chipset နဲ့ထုတ်သွားပြီး တစ်ခြား ဈေးကွက်တွေမှာတော့ Samsung ရဲ့ ကိုယ်ပိုင် processor ဖြစ်တဲ့ Exynos 9810 SoC ကို သုံးသွားမှာပါ။ လက်ရှိသတင်းတွေမှာတော့ ဒီဖုန်းဟာ 512GB Storage နဲ့လာမယ်လို့လည်း ဆိုပါတယ်။

Samsung ဟာ ဒီတစ်ပတ် ဇွန်လ ၂၇ ရက်ကနေ ၂၉ ရက်နေ့အထိ ရှန်ဟိုင်းမှာ ၃ ရက်တိုင် ကျင်းပနေတဲ့ MWC ပွဲမှာ ISOCELL Plus ကင်မရာ အာရုံခံsensor တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ ဒီ sensor ဟာ အလင်းရောင် အားနည်းတဲ့ အချိန်မျိုးမှာ ဓါတ်ပုံတွေကို ပိုပြီး ကြည်လင်ပြတ်သားသလို ရုပ်ထွက်ပိုကောင်းစေဖို့အလင်းအာရုံခံစနစ်ကို ၁၅ % မြှင့်တင်သွားမယ်လို့ဆိုပါတယ်။ ဒီနည်းပညာကို Galaxy Note 9 မှာ သုံးသွားမလားဆိုတာတော့ မသိရသေးပါဘူး။

Photo: AndroidHeadlines

 

Samsung ဟာ ပြိုင်ဘက် စမတ်ဖုန်းကုမ္ပဏီတွေရဲ့ နည်းပညာဆန်းသစ်မှုကို Galaxy Note 9 နဲ့ကျော်ဖြတ်နိုင်မလား ဆိုတာကိုတော့ သြဂုတ်လဆန်းပိုင်းအထိ စောင်ကြည့်ရဦးမှာပါ။

Share

Loading Next Article...
က္က