Hexa²Pixel နာမည်နဲ့ trademark တင်ထားတာပါ

ကမ္ဘာ့အကြီးဆုံး မိုဘိုင်းကင်မရာ sensor တွေ ထုတ်လုပ်နေတဲ့ Sensor ဟာ ဧရာမကင်မရာ sensor သစ်တစ်မျိုး ထုတ်လုပ်နေတယ်လို့ သတင်းထွက်နေပါတယ်။

GalaxyClub က လာတဲ့ သတင်းတစ်ပုဒ်မှာ Samsung က တင်ထားတဲ့ Hexa²Pixel ကုန်အမှတ်တံဆိပ်လျှောက်လွှာတစ်ခုအကြောင်း ပါရှိလာပါတယ်။ Hexa²Pixel sensor ဟာ ဓါတ်ပုံရိုက်နိုင်တဲ့ထုတ်ကုန်တွေအတွက် image sensor တစ်ခုအဖြစ် ဖော်ပြထားတဲ့ ကုန်အမှတ်တံဆိပ်ဖြစ်ပြီး leakster တွေရဲ့ အဆိုအရ ဒီ sensor ဟာ 36-in-1 pixel binning ပုံစံနဲ့ 6x6 pixel အစုတစ်စုကို တစ်ခုတည်းအဖြစ် ပေါင်းထားတယ်လို့ ဆိုပါတယ်။ 


Samsung ဟာ နောက်ဆုံးပေါ် Galaxy S22 Ultra မှာ Nonapixel RGB Bayer Pattern ပေါ်မှာ ISOCELL HM3 Sensor တစ်ခု သုံးထားပါတယ်။ Nonapxiel မှာ Sensor ကနေ ပုံရိပ်ထုတ်လုပ်မှုဟာ 9:1 Pixel Binning နဲ့ သွားပါတယ်။ ဒီနည်းပညာဟာ သီးခြား Pixels တွေကို အုပ်စုအတူ ဖွဲ့ပြီး noise အထ နည်းပြီး ရုပ်ထွက် ပိုမိုတောက်ပတဲ့ SuperPixels တွေအဖြစ် ဖွဲ့စည်းလိုက်တာပါ။ 



9:1 Pixel Binning နည်းပညာဖြစ်လို့ Galaxy S22 Ultra မှာ သုံးတဲ့ 108MP ကင်မရာဟာ ရုပ်ထွက်ပြတ်သားကြည်လင်ပြီး အလင်းဖမ်းမှုပိုကောင်းတဲ့ 12MP ဓါတ်ပုံတွေကို ထုတ်ပေးနိုင်တာ ဖြစ်ပါတယ်။ 200MP ISOCELL HP1 နဲ့ ISOCELL HP3 Sensor တွေဟာ Tetra²pixel RGB Bayer Pattern တစ်ခု သုံးထားတာ ဖြစ်ပြီး 16:1 Pixel Binning နဲ့ လာပါတယ်။ Tetra ဆိုတာ ၄ ကို ပြောတာ ဖြစ်ပြီး Tetra နှစ်ထပ် Pixel ဆိုတာကတော့ 4 x 4 =16 ကို ဆိုလိုပါတယ်။

Hexa²Pixel အတွက် ကုန်အမှတ်တံဆိပ်မှာ 36:1 Pixel Binning အချိုးနဲ့ လာမယ်လို့ ဖော်ပြထားပါတယ်။ Hexa ဟာ ၆ ကို ပြောတာ ဖြစ်လို့ Hexa နှစ်ထပ် Pixel ဟာ 6 x 6 =36 ထွက်မှာပါ။ Samsung ရဲ့ Binning Image ပုံတွေကို 12MP ကနေ 12.5MP နှုန်းနဲ့ ထုတ်တာ ဖြစ်လို့ Hexa²Pixel Sensor ဟာ 432MP (12 x36) နဲ့ 450MP (12.5 x 36) ရုပ်ထွက် ရှိမယ်လို့ ယူဆရပါတယ်။ 450MP ရုပ်ထွက်ဟာ Samsung ရဲ့ 200MP Sensor တွေ ဖြစ်တဲ့ ISOCELL HP1 (1/1.22”, 0.64µm pixels) နဲ့ HP3 (1/1.4”, 0.56µm) တို့ထက် Resolution ၂ ဆကျော် ပိုများမှာ ဖြစ်ပါတယ်။ 



ပြီးခဲ့တဲ့နှစ်အနည်းငယ်က Samsung ဟာ လူ့မျက်လုံးထက် ပိုပြီး အသေးစိတ်ပုံရိပ်ဖမ်းယူမှုတွေ လုပ်နိုင်မယ့် 600MP Sensor တစ်မျိုး တီထွင်နေတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ အခုထက်ပို အဆင့်အတန်းမြင့်မားတဲ့ စမတ်ဖုန်းဓါတ်ပုံနည်းပညာတွေကို ထုတ်ကုန်အသီးသီးမှာ မြင်ရဖို့ နီးစပ်လာပြီ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က