ကဏ္ဍစုံ ဆုပေးခဲ့တာပါ

ဇန်နဝါရီ ၄ ရက်နေ့မှာ ကျင်းပမယ့် CES 2022 ပွဲမှာ Samsung ထုတ်ကုန် ၄၃ မျိုး ဆုချီးမြှင့်ခံရတယ်လို့ ဆိုပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အွန်လိုင်းပွဲအနေနဲ့ ကျင်းပခဲ့ရတဲ့ CES ပွဲတွေဟာ လာမယ့်နှစ်ကစပြီး လူကိုယ်တိုင်တက်ရာက်နိုင်တော့မှာပါ။ CES 2022 ပွဲမှာ Samsung ထုတ်ကုန် ၄၃ မျိုးဟာ Consumer Technology Association (CTA) က ပေးတဲ့ Best of Innovations Awards လေးဆုအပါအဝင် CES 2022 Innovation Award ချီးမြှင့်ခံမယ်လို့ GSMArena က ဖော်ပြပါတယ်။ 



Photo: Samsung NewsRoom

Samsung Galaxy Z Flip 3 ရဲ့ Bespoken Edition ဟာ Best of Innovation Award ဆုရခဲ့ပြီး ရိုးရိုး Z Flip 3 ဗားရှင်းကတော့ Digital Imaging/Photography and Mobile Devices & Accessories categories မှာ ဆုတွေ ရထားပါတယ်။ စမတ်ဖုန်းတွေထဲက Galaxy Z Fold 3 5G (Digital Imaging/Photography and Mobile Devices & Accessories categories) နဲ့ Galaxy A series (Mobile Devices & Accessories category) နဲ့ Innovation Honorees ဆုတွေ ရရှိထားပါတယ်။ 


တခြား Innovation Honorees ဆုတွေကိုတော့ Samsung Galaxy Watch 4 ၊ Samsung Galaxy Buds 2 ၊ Galaxy Book Pro 360 ၊ Samsung SmartTag+ ၊ Samsung 30'' Smart Induction Built-In Cooktop ၊ Top Load Washer ၊ Samsung 512GB DDR5 RDIMM ၊ Samsung U.2 ZNS NVMe SSD PM1731a (2/4TB) ၊ Samsung PCIe Gen5 NVMe SSD PM1743 (2/4/8/16TB) နဲ့ Samsung ISOCELL HP1 တို့က ရခဲ့တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ 

Photo: GSMArena


CTA ဟာ Computer Peripherals & Accessories, Computer Hardware & Components, Digital Imaging/Photography, Embedded Technologies, Gaming, Headphones & Personal Audio, Health & Wellness, Home Appliances, Home AV Components & Accessories, Mobile Devices and Accessories, Smart Home, Software and Mobile Apps, Sustainability, Wearable Technologies and Video Displays ဆိုပြီး ကဏ္ဍအလိုက်ဆုတွေ ပေးခဲ့တာလည်း ဖြစ်ပါတယ်။ 

လာမယ့် ဇန်နဝါရီ ၄ ရက် CES 2022 ပွဲကို Samsung Electronics ရဲ့ Visual Display Business ကဏ္ဍဥက္ကဌဖြစ်သူ ဂျောင်ဟီးဟန် တက်ရောက်ပြီး အဖွင့်မိန့်ခွန်းပြောသွားမယ်လို့လည်း ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က