ကမ္ဘာ့ပထမဆုံး 200MP ကင်မရာ sensor သုံးဖုန်းဟာ Motorola ဖုန်းဖြစ်လာမယ်လို့ ဆိုပါတယ်။
နာမည်ကျော် Tipster တစ်ဦးဖြစ်တဲ့ IceUniverse နဲ့ Digital Chat Station တို့ရဲ့ အဆိုအရ Motorola ဟာ 200MP ကင်မရာပါ ဖုန်းတစ်လုံး ထုတ်လုပ်နေပြီး လာမယ့် ၂၀၂၀ ခုနှစ် နှစ်ဝက်လောက်မှာ ဖြန့်ချိဖို့ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ Xiaomi ဟာ Motorola နောက် ဒုတိယမြောက် 200MP ကင်မရာသုံး ဖုန်းဖြစ်မယ်လို့လည်း iceUniverse က ဆိုပါတယ်။
Photo: phonearena
ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ Samsung ဟာ စမတ်ဖုန်းကင်မရာလောကအတွက် အပြောင်းအလဲတွေ ယူဆောင်လာမယ့် ကင်မရာ Sensor သစ်ကို မိတ်ဆက်သွားခဲ့ပါတယ်။ ISOCELL HP1 sensor ပါ 200MP ကင်မရာဟာ 0.64micron pixel နဲ့လာတဲ့ ပထမဆုံး sensor ဖြစ်ပြီး မြင်ဖူးသမျှ စမတ်ဖုန်းကင်မရာထဲမှာ တစ်ခုချင်း အကြီးဆုံး pixel size လည်း ဖြစ်ပါတယ်။
Samsung ဟာ HP1 sensor သစ်ရဲ့ pixel-binning နည်းပညာကို ChameleonCell လို့ နာမည်ပေးထားပြီး အလင်းအမှောင်အနေအထားပေါ်လိုက်ပြီး ကင်မရာကို full-pixel rendering ၊ 2x2 နဲ့ 4x4 pixel binning mode တွေ သုံးသွားမှာပါ။ 2x2 mode မှာ sensor ဟာ 1.28 micron pixel နဲ့ 50MP ပုံတွေ ဖမ်းယူနိုင်ပြီး 4x4 မှာ 2.65 micron pixel နဲ့ 12.5MP ပုံတွေ အလင်းရုပ်ထွက် ပိုကောင်းအောင် ဖမ်းယူရိုက်ကူးနိုင်မှာပါ။
HP1 sensor ဟာ 8K video တွေကို 30fps နဲ့ record ယူနိုင်ပြီး 4K video တွေကို 120fps နှုန်းနဲ့ ရိုက်ကူးနိုင်မယ်လို့လည်း ဆိုပါတယ်။ ၂၀၂၃ ထုတ် Samsung Galaxy S23 Ultra မော်ဒယ်တွေမှာ 200MP sensor သုံးလာဖို့ ရှိပါတယ်။