လီဗာပူးကတော့ ပွဲတိုင်းကို အားထည့်ကစားနေတာပါ။

လီဗာပူးကတော့ မနေ့ညက စပါတာပရက်ဂ်နဲ့ ယူရိုပါလိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲမှာ ၆-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပထမအကျော့မှာကတည်းက လီဗာပူးတို့ ၁-၅ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် နောက်တစ်ဆင့်ကို တက်ရောက်ဖို့ သေချာပြီးသားပါ။



လာမယ့် တနင်္ဂနွေနေ့မှာလည်း ယူနိုက်တက်နဲ့ အက်ဖ်အေဖလားပွဲကန်ဖို့ရှိသည့်တိုင်အောင် ကလော့ပ်ကတော့ ဆာလာ၊ နူးညက်ဇ်၊ ဂတ်ပို၊ အန်ဒို၊ ဆိုဘိုဇလိုင်း၊ ရော်ဘတ်ဆန်တို့လို ကစားသမားတွေကို ထည့်သုံးသွားခဲ့ပါသေးတယ်။ လီဗာပူးကလည်း ပွဲအစ (၁၄) မိနစ်မှာတင် (၄) ဂိုးသွင်းယူထားတာပါ။
ဒါဝင်နူးညက်ဇ်၊ ကလာ့ခ်၊ ဆာလာ၊ ဂတ်ပိုတို့က ပွဲစတာနဲ့ ဂိုးတွေ ဆက်တိုက် သွင်းယူခဲ့ပြီး စပါတာပရက်ဂ်အတွက် ချေပဂိုးတစ်ဂိုးကိုတော့ ပွဲကစားချိန် (၄၂) မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် ဒုတိယပိုင်းမှာလည်း ဆိုဘိုဇလိုင်း၊ ဂတ်ပိုတို့က နောက်ထပ်ဂိုးတွေ သွင်းယူပေးခဲ့တာကြောင့် လီဗာပူးတို့ ၆-၁ ဂိုးနဲ့ အန်ဖီးလ်မှာ နိုင်ပွဲထပ်မံရရှိခဲ့ပါတယ်။
လီဗာပူးကတော့ နှစ်ကျော့ပေါင်းရလဒ် ၁၁-၂ ဂိုးနဲ့ နောက်တစ်ဆင့်ကို တက်ရောက်ခဲ့တာဖြစ်ပြီး ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးဖို့ ဆက်လက်ရေပန်းစားလျက်ရှိပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဖလားကို ဆက်တိုက် စိန်ခေါ်နေသလို လာမယ့် တနင်္ဂနွေနေ့မှာလည်း ယူနိုက်တက်နဲ့ အက်ဖ်အေဖလားပွဲကြီးပွဲကောင်းကို ကစားရဦးမှာဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က