သူ့နေအိမ်အနီးမှာ ဆန္ဒပြဖို့ရောက်လာချိန် အနီးက ဘီယာဆိုင်ကိုခေါ်တွေ့ပြီး ဆွေးနွေးခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမှုဆောင်အရာရှိချုပ်ရစ်ချက်အာနိုးလ်ဟာ သူ့ကို ဆန္ဒပြမှုတွေပြုလုပ်မယ့် အသင်းပရိသတ်တွေကို ချောမော့ကာ အကျိုးအကြောင်းရှင်းပြမှုတွေ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ သူ့ရဲ့နေအိမ်အပြင်ဘက်မှာ အသင်းရဲ့ လုပ်ဆောင်မှုတွေကို မကျေနပ်တဲ့ ပရိသတ်တွေက ကန့်ကွက်ဆန္ဒပြဖို့ စုရုံးနေချိန်မှာပဲ သူက ပရိသတ်တွေနဲ့ တိုက်ရိုက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ 

အာနိုးလ်က သူ့အိမ်အနီးက ဘီယာဆိုင်တခုမှာ ပရိသတ်တွေကို လက်ခံတွေ့ဆုံခဲ့ပြီး ပရိသတ်တွေရဲ့ ဆန္ဒကိုနားထောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ The 1958 လို့နာမည်ပေးထားတဲ့ ယူနိုက်တက်ပရိသတ်အဖွဲ့ဖြစ်ပြီး မနေ့ကက သူတို့က အသင်းပိုင်ရှင်ဂလေဇာထွက်ခွာဖို့တောင်းဆိုထားတဲ့ နဖူးစည်းတွေနဲ့အတူ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 

အာနိုးက သူတို့ကို အခုလိုမျိုး ဘီယာဆိုင်မှာ လက်ခံတွေ့ဆုံပြီး သူတို့ဆန္ဒကို နားထောင်ပေးခဲ့တဲ့အပေါ်မှာလည်း ပရိသတ်တွေက အံ့အားသင့်ခဲ့တယ်လို့ ဆိုပါတယ်။ အာနိုးက ပရိသတ်တွေကို ဖရန်ကီဒီဂျောင်ရဲ့ အပြောင်းအရွှေ့၊ နည်းပြသစ်တန်ဟက်ဂျ်ရဲ့ အခြားသောစျေးကွက်တွင်းအလိုရှိတဲ့ ဆန္ဒ၊ ဂလေဇာရဲ့ ပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ အကြောင်းတွေကို ရှင်းပြခဲ့တယ်လို့ မန်ချက်စတာညနေခင်းသတင်းစာက ဆိုပါတယ်။ 



"သူက ကျနော်တို့အပေါ် ရိုးရိုးသားသားနဲ့ပဲ အခြေအနေတွေကို ပြေလည်အောင် ကူညီခဲ့ပါတယ်၊ ကျနော်တို့ အယောက် ၂၀ လ​ောက်က ကျနော်တို့ ထင်တာတွေကို သူ့ကို အတိအကျပြောဆိုခဲ့ပါတယ်၊ သူ့ကို သူရဲကောင်းတဦးလို့ အားလုံးထင်အောင် ကျနော်တို့လုပ်ခဲ့တာမဟုတ်ဘူး၊ သူ အခုလို ကျနော်တို့ကို ထွက်တွေ့တာကိုတော့ လေးစားပါတယ်" လို့ ဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ ပရိသတ်တဦးက ပြောဆိုခဲ့ပါတယ်။ 

ယူနိုက်တက်ပရိသတ်တွေဟာ အရင်တုန်းကလည်း အမှုဆောင်အရာရှိချုပ်ဟောင်းအက်၀ုဒ်ဝက်ဒ်ရဲ့ နေအိမ်အနီးမှာ ဆန္ဒပြမှုတွေပြုလုပ်ခဲ့ပြီး အိမ်ကိုမီးရှို့ဖို့တောင်မှ ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ၀ုဒ်ဝက်ဒ်ဟာ လုံခြုံရေးတွေထားရှိခဲ့ရပြီး ပရိသတ်တွေ သူ့ကို ဘေးအန္တရာယ်ပေးမယ့်အရေးကို ဂရုစိုက်နေထိုင်ခဲ့ရပါသေးတယ်။ 

Share

Loading Next Article...
က္က