စမ်းချောင်းမြို့နယ် မှာနေထိုင်ကြတဲ့သူတိုင်းလိုလို သိကြတဲ့ အအေးဆိုင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ။
လမ်းဘေးကြံရည်ဆိုင်ကနေစခဲ့
လက်သီး ကလွဲ ရင် သစ်သီး ဖျော်ရည်ေတွ အကုန်လုံးရတဲ့ အအေးဆိုင်လေးပါ။မရတဲ့ အသီး မရှိလို့ ဖျော်ရည်တွေအကုန်ရတဲ့ အအေးဆိုင်ပါ။
ကျွန်းတောလမ်းနဲ့ညောင်တုန်းလမ်းထောင့် မှာ ခုံပုလေးတွေနဲ့ လမ်းဘေးအအေးဆိုင်လေး ဘ၀ ညောင်တုန်း လမ်းထိပ်အအေးဆိုင်ကတော့ လမ်းဘေးမှာ ခုံပုလေးတွေခင်းပြီးကြံရည်တစ်မျိူးတည်းကနေ စတင်ရောင်းချလာခဲ့တဲ့ အအေးဆိုင်လေးဖြစ်ပါတယ်။ လမ်းဘေးအအေးဆိုင်ကနေ လက်ရှိမှာတော့ ဆိုင်ခန်းနဲ့ဖွင့်လှစ်ပြီးရောင်းချရင်းရပ်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ရာသီပေါ် သစ်သီးတွေ ကို သေချာ အေးခဲခံပြီး သိုလှောင်ထားတဲ့အတွက်ဆိုင်မှာ မရတဲ့ သစ်သီးဖျော်ရည်ရယ်လို့ မရှိအောင်ကို အသီးဖျော်ရည်တွေ အစုံအလင်ရနိုင်ပါတယ်။
မိုးရေထဲမှာတောင် ထီးဆောင်းထိုင်ပြီး အားပေးသူတွေရှိတဲ့ဆိုင်
မိုးတွင်းကာလ မိုးရေထဲမှာတောင် ထီးဆောင်းထိုင်ပြီး အအေးဆိုင်မှာ လာအားပေးတတ်ကြသူတွေတောင်ရှိတဲ့အထိကို ရောင်း အားကောင်းတဲ့ဆိုင်တစ်ဆိုင်လည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆိုင်ခန်းနဲ့ရောင်းချနေပြီဖြစ်လို့ မိုးစိုမှာ ပူစရာမလို့တော့ကြောင်း ဆိုင်ရှင်က ပြောပါတယ်။
မိသားစု ဆိုင်လေး
ဆိုင်လေးကိုမိဘနှစ်ဦးငယ်စဉ်ဘ၀ကနေ စတင်ပြီး ရောင်းချ လာခဲ့ကာ လက်ရှိမှာ သားသမီးတွေကို အမွေ အဖြစ် လက်ဆင့်ကမ်းခဲ့ပြီး ဆိုင်ခန်းနဲ့ ဖွင့်လှစ်ရောင်းချ နေတဲ့ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။စဖွင့်ခါစက ကြံရည်နဲ့အအေးကိုပဲရနိုင်တဲ့ဆိုင်ကနေ လက်ရှိမှာတော့ အသီးမျိုးစုံ အသီးဖျော်ရည်တွေ၊ ကွေ့တီယိုနဲ့အခြားဗိုက်ပြည့်စေတဲ့အစားအစာလေးတွေကိုလည်း ရနိုင်တာဖြစ်ပါတယ်။
လိပ်စာ
ညောင်တုန်းလမ်းထိပ် အအေးဆိုင်ရဲ့လိပ်စာက တော့ ကျွန်းတောလမ်းနဲ့ ညောင်တုန်းလမ်းထောင့် ၊စမ်းချောင်းမြို့နယ် ၊ရန်ကုန်မြို့ မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။