ရော်နယ်ဒိုက ရီးရဲလ်ကနေ ဂျူဗီကိုပြောင်းချိန်ကစလို့ ရီးရဲလ်ကို ဂိုးမသွင်းနိုင်တာပါ။

မနေ့က ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ ပင်နယ်တီရရှိခဲ့ပေမယ့်လည်း မက်ဆီကတော့ လွဲချော်ခဲ့ရပါတယ်။ ဒီလိုလွဲချော်ခဲ့မှုဟာ ရီးရဲလ်မက်ဒရစ်ကို အခြားသောအသင်းတသင်းအတွက် ကစားပေးရင် ပထမဆုံးဂိုးကို သွင်းယူပေးနိုင်မယ့် မှတ်တမ်းကို မရယူနိုင်ခဲ့တာလည်းဖြစ်ပြီး မှတ်တမ်းဆိုးတခုကိုလည်း မက်ဆီမချေဖျက်နိုင်ခဲ့တာလည်း ဖြစ်လာခဲ့ပါတယ်။ 

ကစားသမားဘ၀မှာ ရီးရဲလ်မက်ဒရစ်အသင်းဘက်ကို ဂိုးတွေအကြိမ်ကြိမ်သွင်းယူဖူးခဲ့တဲ့ မက်ဆီဟာ ၂၀၁၈-၁၉ မှာ ရော်နယ်ဒိုက ရီးရဲလ်ကနေ ဂျူဗီကို ပြောင်းရွှေ့ချိန်ကစပြီး သွင်းဂိုးနဲ့ ဖန်တီးမှု လုံး၀မရရှိခဲ့တာဖြစ်ပါတယ်။ ဒီမှတ်တမ်းဆိုးက မနေ့ညကပွဲမှာ ပျက်ပြယ်ဖို့အတွက် အကောင်းဆုံးအခွင့်အရေးအဖြစ် မက်ဆီက ပင်နယ်တီကန်သွင်းဖို့ ဖြစ်လာခဲ့ပေမယ့်လည်း ကော်တွိုက်စ်ရဲ့ လက်စွမ်းက ဟန့်တားသွားခဲ့ပါတယ်။ 

ဒါကြောင့် ရော်နယ်ဒိုထွက်ခွာသွားချိန်ကစလို့ ရီးရဲလ်မက်ဒရစ်ကို မက်ဆီ ဂိုးမသွင်းနိုင်တော့တာ အခုချိန်ထိဖြစ်လာခဲ့ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ်မှာ သွင်းဂိုး ၅ ဂိုးအထိရရှိထားကာ ခြေစွမ်းပြထားတဲ့ မက်ဆီဟာ ပင်နယ်တီကို အနိမ့်ဘောကန်သွင်းယူဖို့ ဆုံးဖြတ်ခဲ့ပြီး ဘယ်ဘက်ထောင့်ကိုကန်သွင်းခဲ့ပေမယ့် ကော်တွိုက်စ်က လက်စွမ်းပြပုတ်ထုတ်သွားခဲ့တာဖြစ်ပါတယ်။ 

ဒီပွဲဟာ ဂိုးမရှိသရေနဲ့အဆုံးသတ်ဖို့ ရာခိုင်နှုန်းဖြစ်ခဲ့ပြီး ပွဲချိန်နောက်ဆုံးမိနစ်မှာသာ ဘတ်ပီရဲ့ ခြေစွမ်းပြသွင်းဂိုးမရခဲ့ရင် ပီအက်စ်ဂျီတို့နိုင်ပွဲမရမှုရဲ့ အဓိကတရားခံက မက်ဆီဖြစ်လာခဲ့ဖို့သာ ရှိနေခဲ့ပါတယ်။ အသင်းနိုင်ပွဲရသွားခဲ့လို့ မက်ဆီလည်းကံကောင်းခဲ့ရပြီး ရီးရဲလ်ကို အခြားအသင်းတသင်းနဲ့အတူ ပထမဆုံးအကြိမ်အဖြစ် အနိုင်ယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ 

Share

က္က