၂၀၂၁ ခုနှစ်အတွင်း Tesla ကားအစီးရေ ၁ သန်းနီးပါး ရောင်းချနိုင်ခဲ့ပါတယ်

၂၀၂၁ ခုနှစ်အတွင်း ခန့်မှန်းထားသည့်ပမာဏထက် ကားတင်ပို့နိုင်ခဲ့ပြီးနောက် Tesla ရှယ်ယာဈေးဟာ ဆက်လက် မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စတုတ္ထသုံးလပတ်နဲ့ တစ်နှစ်လုံးအတိုင်းအတာ ကားရောင်းချနိုင်ခဲ့တဲ့ ပမာဏဟာ ခန့်မှန်းထားတာထက် ကျော်လွန်ခဲ့ကြောင်း သတင်းထွက်လာပြီးနောက် Tesla ရှယ်ယာဈေးဟာ ၁၃% အထိ မြင့်တက်ခဲ့တယ်လို့ CNBC သတင်းက ဖော်ပြထားတာပါ။ Tesla ဟာ ပြီးခဲ့တဲ့ စတုတ္ထသုံးလပတ်အတွင်းမှာ လျှပ်စစ်ကားအစီးရေ ၃၀၈၆၀၀ အထိ ရောင်းချနိုင်ခဲ့ပြီး တစ်နှစ်လုံးမှာ ကားအစီးရေ ၉၃၆၁၇၂ စီးအထိ ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 



Photo: CNBC

နှစ်အလိုက် ရောင်းအားအရဆို ဒါဟာ ၈၇% အထိ မြင့်တက်လာတာလည်း ဖြစ်ပါတယ်။ Wall Street ဈေးကွက်လေ့လာသုံးသပ်သူတွေက ၂၀၂၁ စတုတ္ထသုံးလပတ်မှာ Tesla ကားအစီးရေ ၂၆၇၀၀၀ စီး ရောင်းထွက်ပြီး တစ်နှစ်လုံးအနေအထားနဲ့ဆို ၈၉၇၀၀၀ စီး ရောင်းချနိုင်ခဲ့မယ်လို့ ခန့်မှန်းခဲ့တာပါ။ ဈေးကွက်လေ့လာသူတွေ ခန့်မှန်းတာထက် Tesla ကားတွေ ပို ရောင်းထွက်ခဲ့တယ်လို့ ကုမ္ပဏီရဲ့ အရောင်းအစီရင်ခံစာတွေက ဖော်ပြနေပါတယ်။ 

လာမယ့်သီတင်းပတ်တွေမှာ ကုမ္ပဏီက နောက်ဆုံး ၃ လ ကားအရောင်းဝင်ငွေပမာဏကို တရားဝင် ကြေညာတော့မှာပါ။ Tesla တည်ထောင်သူနဲ့ CEO အီလွန်မတ်စ်ကတော့ လာမယ့် ၉ နှစ်အတွင်း ကုမ္ပဏီရဲ့ မော်တော်ယာဉ်ရောင်းရပမာဏကို နှစ်စဉ် အစီးရေသန်း ၂၀ အထိ ရှိလာဖို့ မျှော်လင့်ထားတာပါ။ ဒါကြောင့်ပဲ တက္ကဆက်ပြည်နယ် အော်စတင်မှာ ကားစက်ရုံသစ် တည်ဖို့ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ 

Tesla ဟာ အော်စတင်ကားစက်ရုံအပြင် ဂျာမနီနိုင်ငံ ဘရန်ဒန်ဘာ့ဂ်မှာလည်း နောက်ထပ် စက်ရုံတစ်ခုဖွင့်လှစ်ဖို့ ကြိုးပမ်းနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က