မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဟာရီ ကိန်းကို စံချိန်တင် ပြောင်းရွှေ့ကြေးသုံးစွဲပြီး ခေါ်ယူဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ တိုက်စစ်ကို အင်အားဖြည့်တင်းချင်နေတာဖြစ်ပြီး အင်္ဂလန်ကြယ်ပွင့်တိုက်စစ်မှူး ဟာရီ ကိန်းကို ၎င်းတို့ရဲ့ ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ Mirror ရဲ့ သတင်းအရ မန်ချက်စတာယူနိုက်တက်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းအနေနဲ့ ဟာရီ ကိန်းကို ရောင်းချချင်လာအောင် ပေါင်သန်း ၁၀၀ ကျော်ပေးပြီး ဗြိတိန်ကစားသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးကို ရိုက်ချိုးသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
လက်ရှိမှာတော့ ဂျက်ခ် ဂရီးလစ်ရှ်ဟာ အက်စတန် ဗီလာကနေ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ခဲ့ချိန်မှာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ဗြိတိန်ကစားသမားဖြစ်လာခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က အန်ဇို ဖာနန်ဒက်ဇ်အတွက် ချဲလ်ဆီးအသင်းပေးခဲ့တဲ့ ပေါင် ၁၀၅ သန်းထက်တောင် ပိုပေးသွားဖွယ်ရှိတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။
အဲရစ် တန်ဟက်က ဟာရီ ကိန်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ကက်စမဲရိုးလိုမျိုး တူညီတဲ့အကျိုးသက်ရောက်မှုပြသနိုင်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပြီး အင်္ဂလန်တိုက်စစ်မှူးဟာ မြောက်လန်ဒန်ကလပ်အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့ပေမယ့်လည်း စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေခြင်းမရှိသေးတာဖြစ်ပါတယ်။