သွားလှူတဲ့ ဓာတ်ပုံတွေ မြင်ရတော့ ပီတိဖြစ်ရတယ်။

နေတိုးကတော့ စားနပ်ရိက္ခာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ဆောင်ရွက်နေတဲ့ FCPN အဖွဲ့သားတွေရဲ့ အလှူကို ပီတိ ဖြစ်ရတဲ့အကြောင်း ပြောပြလာပါတယ်။ 

Photo: Nay Toe



နေတိုးဟာ စားနပ်ရိက္ခာနဲ့ ငွေကြေးလိုအပ်မှုရှိတဲ့နေရာတွေမှာ အလှူအတန်းလုပ်နေတဲ့ FCPN အဖွဲ့သားတွေဆီကို ငွေကျပ် သိန်း(၃၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အိမ်တိုင်ရာရောက် သွားရောက် လှူဒါန်းခဲ့တဲ့ FCPN အဖွဲ့သားတွေကိုလည်း ကျေးဇူးတင်စကား ဆိုလာပါတယ်။ 

"လွန်ခဲ့သော 8 .5 .2020 က (FCPN) program မှာ အလှူငွေသိန်း(၃၀) စာအိတ်(၃၀၀)စာ ပါဝင်လှူဒါန်းဖြစ်ပါတယ်။ ဒီပုံလေးတွေမြင်ရတော့စိတ်ထဲမှာခံစားမှုများစွာနဲ့အတူပီတိလည်း ဖြစ်မိပါတယ်။ အခုလိုတကယ်လိုအပ်နေတဲ့သူတွေဆီကိုမရောက်ရောက်အောင်ပို့ပေးနေကြတဲ့ Clean Yangon အဖွဲ့နဲ့အတူ( FCPN )မှတာဝန်ရှိသူများအားလုံးကိုကျေးဇူးအထူးတင်ပါတယ်။ အလှူငွေတွေလည်း အများကြီးရပြီးလူမှုအကျိုးများကိုဆထက်တပိုးဆောင်ရွက်နိုင်ကြပါစေခင်ဗျာ။ ပရိသတ်များလဲကုသိုလ် အမျှရကြပါစေ။ အားလုံးလည်း ကပ်ရောဂါဆိုးမှကင်းဝေးပြီး စိတ်ချမ်းသာကိုကျန်းမာကြပါစေ" ဆိုပြီးတော့ မေလ ၁၄ ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူ့ရဲ့ Facebook Page မှာ ရေးသားထားတာ တွေ့ရပါတယ်။ 

Photo: Nay Toe

နေတိုးဟာ COVID-19 ကာ တစ်ဖက်တစ်လမ်းကနေ အလှူအတန်းတွေ လုပ်နေတာကိုတွေ့ရပါတယ်။ သူဟာ နိုင်ငံကျော်ရဲ့ စားနပ်ရိက္ခာ ထောက်ပံ့ရေးမှာလည်း ငွေကျပ် သိန်း(၁၀၀) လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက်အဆိုတော် ယုန်လေး ဦးဆောင်ပြီး ရန်ကုန်ဆေးရုံကြီးနဲ့ ဘိုကလေးဆေးရုံကြီးမှာ လှူဒါန်းတဲ့ ဆေးပစ္စည်းအလှူမှာလည်း ငွေကျပ်(၁၀) သိန်း လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ မေလ ၁၃ ရက်နေ့ကလည်း လူကြမ်းသရုပ်ဆောင်တွေရဲ့ စားဝတ်နေရေးအတွက် ငွေကျပ်(၁၀) သိန်း ထပ်မံ လှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။ 

Photo: Nay Toe

နေတိုးရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၂၀ ကျော်လာပြီဖြစ်ပါတယ်။ သူဟာ ဘက်စုံထူးချွန်တဲ့ အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ Music Video တွေမှာ သရုပ်ဆောင်လာရင်းကနေ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ TV ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ တစ်ယောက်ပါ။ အခုချိန်မှာတော့ နေတိုးက အကယ်ဒမီ ဆုတွေကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။ ဒီဆုတွေကတော့ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က