ဖေဖော်ဝါရီလထဲမှာ ပွဲစဉ်အများအပြားကို ဘာနေဗျူးမှာ လက်ခံယှဉ်ပြိုင်သွားရဖို့ ရှိနေတာဖြစ်ပါတယ်။

ကာရင် ဘန်ဇီးမားဟာ ရီးရဲလ်မက်ဒရစ်ဥက္ကဌ ဖလော်ရန်တီနို ပီးရက်ဇ်နဲ့ အလွန်ခိုင်မာတဲ့ဆက်ဆံရေးရှိသူဖြစ်ပေမယ့်လည်း မကြာသေးခင်က ဘာနေဗျူးကွင်း မြက်ခင်းပြင်အခြေအနေနဲ့ ပတ်သက်ပြီး စိတ်မကျေမနပ်ဖြစ်မှုကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။

El Nacional ရဲ့ သတင်းအရ ဘန်ဇီးမားဟာ ရီးရဲလ်ဆိုစီဒက်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်အတွင်း ကွင်းမျက်နှာပြင်နဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြင်သစ်တိုက်စစ်မှူးဟာ အသင်းရဲ့ ကွင်းအခြေအနေအပေါ် အာရုံစိုက်မှု ကင်းမဲ့ခြင်းက အသင်းရဲ့ စွမ်းဆောင်ရည်အပေါ်မှာ အကျိုးသက်ရောက်မှု ရှိခဲ့တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘန်ဇီးမားဟာ ကွင်းမျက်နှာပြင်အခြေအနေဟာ ပြန်လည်မွမ်းမံထားမှုကြောင့်ဖြစ်ပြီး မကြာမီအချိန်အတွင်း ဖြေရှင်းပေးမယ်လို့ အာမခံထားတဲ့ ဥက္ကဌ ဖလော်ရန်တီနို ပီးရက်ဇ်ကို တိုက်ရိုက်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အသင်းက မြက်တွေနဲ့ပတ်သက်ပြီး ပြဿနာကို ဖြေရှင်းချင်တယ်ဆိုရင် လျင်လျင်မြန်မြန် လုပ်ဆောင်ဖို့ လိုအပ်မှာဖြစ်ပြီး ဖေဖော်ဝါရီလထဲမှာ ပွဲစဉ်အများအပြားကို ဘာနေဗျူးမှာ လက်ခံယှဉ်ပြိုင်သွားရဖို့ ရှိနေတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ယခုရာသီမှာဆုဖလားတွေ ပိုမို အနိုင်ရရှိချင်တယ်ဆိုရင် ပေါ့ပေါ့ဆဆနေလို့မရနိုင်ဘဲ ဘန်ဇီးမားရဲ့ စောဒကတက်မှုအပြီးမှာ လက်တွေ့လုပ်ဆောင်မှုတွေ ပြုလုပ်ဖို့ အသင်းဥက္ကဌ ပီးရက်ဇ်အပေါ်မှာ တာဝန်ကျလာခဲ့ပြီ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က