အိမ်ကွင်းမှာ ဗီလာကို အရေးနိမ့်ခဲ့တာပါ။

ဆိုးလ်ရှားရဲ့ ယူနိုက်တက်တော့ အိမ်ကွင်းမှာ ဗီလာလိုအသင်းကို ကစားခဲ့ရပေမယ့်လည်း တော်တော်လေးကို ရုန်းကန်ခဲ့ရပါတယ်။ ဂိုးကန်သွင်းခွင့်တွေရခဲ့ပေမယ့် ဂရင်းဝုဒ်တစ်ကိုယ်ကောင်းဆန်မှု၊ အချိတ်အဆက်တွေ မှားယွင်းမှုကြောင့် နစ်နာခဲ့ရပြီး ဗီလာရဲ့ တိုက်စစ်ကိုလည်း မက်ဂွိုင်းယားဦးဆောင်တဲ့ ခံစစ်က ကသောင်းကနင်းနဲ့ ခုခံခဲ့ရပါတယ်။ 

ဗီလာက ခြေစွမ်းအကောင်းကြီးမဟုတ်ပေမယ့်လည်း ယူနိုက်တက်ရဲ့ ခြေစွမ်းကိုက အားရစရာမရှိခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှား ဘာတွေမှားနေလဲဆိုတာကို ထပ်တလဲလဲအဖြေရှာရတော့မယ့် အချိန်ဖြစ်နေပြီး ပြိုင်ဘက်အသင်းနဲ့ ကစားသမားအင်အားကွာဟချက်ကြီးမားတာတောင်မှ သူတို့ဘက်က အသာစီးနဲ့ ကစားနိုင်မှုမရှိခဲ့တာက တော်တော်လေးတော့ အံ့သြစရာကောင်းခဲ့ပါတယ်။ 

ရော်နယ်ဒို၊ ပေါ့ဂ်ဘာ၊ ဗာရန်း၊ မက်ဂွိုင်းယားတို့ ကြားရက်မှာ အနားရထားပေမယ့် ပုံစံကောင်းမပြသနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဖာနန်ဒက်စ်က ပေးပို့မှုတွေလွဲမှားတုန်းဖြစ်ပြီး အခွင့်အရေးတချို့လည်း လွဲချော်ခဲ့ပါတယ်။ လုခ်ရှောဒဏ်ရာကြောင့် ပွဲချိန်အစောကြီး လူစားလဲခဲ့သလို မက်ဂွိုင်းယားကိုလည်း ဒုတိယပိုင်းမိနစ် ၆၀ ကျော်မှာ ဆိုးလ်ရှားလူစားလဲလှယ်ခဲ့ရပါတယ်။ 

ရော်နယ်ဒို၊ ဗာရန်း၊ ဆန်ချိုတို့လို ကစားသမားတွေကို ခေါ်ယူထားပေမယ့် အသင်းကို အကောင်းဆုံးဖြစ်အောင် မတည်ဆောက်နိုင်သေးတဲ့ ဆိုးလ်ရှားအတွက်တေ့ာ ဝေဖန်ခံရဖို့သာရှိနေပါတယ်။ ဗီလာက ခပ်မာမာကစားခဲ့ပြီး လိုအပ်ချိန်တိုင်းမှာ ပြစ်ဒဏ်ကျူးလွန်ဖို့လည်း ဝန်မလေးခဲ့တာကို တွေ့ခဲ့ရပြီး ယူနိုက်တက်ကစားကွက်ကို ကောင်းကောင်းတည်မရအောင် ဖျက်ဆီးပြနိုင်ခဲ့ပါတယ်။
 


ဝတ်ကင်ရဲ့ အပိုင်ဂိုးတွေကိုသာ ဒီဂီယာမကာကွယ်နိုင်ခဲ့ရင် ယူနိုက်တက်တို့ အရေးတောင်နိမ့်သွားနိုင်မယ့် အနေအထားမှာရှိခဲ့ပါတယ်။ အပိုင်နှစ်လုံးအထိ ဝက်ကင်ရရှိခဲ့တာဖြစ်ပြီး ဒီဂီယာအကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။ ကာဗာနီကို လူစားလဲထည့်သွင်းခဲ့ပေမယ့်လည်း ယူနိုက်တက်တို့ ဘာမှလုပ်မရခဲ့ဘဲ ပွဲချိန် ၈၈ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ အနိုင်ဂိုးကို ခွင့်ပြုခဲ့ပြီး အိမ်ကွင်းမှာပဲ ၀-၁ နဲ့ ယူနိုက်တက်တို့အရေးနိမ့်သွားခဲ့ရပါတယ်။ 


ဗီလာအနိုင်ဂိုးရအပြီးမှာ ယူနိုက်တက်တို့ ပင်နယ်တီရခဲ့ပေမယ့်လည်း ဘရူနိုကန်သွင်းရာမှာ လွဲချော်ခဲ့လို့ ချေပဂိုးတောင်မရခဲ့ဘဲ အရေးနိမ့်ခဲ့ရတာပါ။ 

Share

က္က