အင်္ဂလန်မီဒီယာအများအပြားမှာ ဖော်ပြခဲ့ကြတာဖြစ်ပြီး စပါးနဲ့ပွဲမတိုင်ခင်မှာ ဆိုးလ်ရှားကို ထုတ်ပယ်ဖို့အတွက် ဘုတ်အဖွဲ့က စီစဉ်နေပြီလို့လည်း ဆိုပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြဆိုးလ်ရှားကိုထုတ်ပယ်ပြီး အသင်းလက်မဲ့ဖြစ်နေတဲ့ အင်တာမီလန်နည်းပြဟောင်းကွန်တီကို ခန့်အပ်ဖို့ စဉ်းစားနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အင်္ဂလန်မီဒီယာအများအပြားမှာ ဖော်ပြခဲ့ကြတာဖြစ်ပြီး စပါးနဲ့ပွဲမတိုင်ခင်မှာ ဆိုးလ်ရှားကို ထုတ်ပယ်ဖို့အတွက် ဘုတ်အဖွဲ့က စီစဉ်နေပြီလို့လည်း ဆိုပါတယ်။
ကွန်တီကတော့ ချယ်လ်ဆီးမှာလည်း နည်းပြအဖြစ်တာဝန်ယူခဲ့ဖူးပြီး ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် မော်ရင်ဟိုနဲ့ ဆင်တူတဲ့ နည်းစနစ်ပိုင်းတွေကြောင့် အသင်းတွင်းမှာ အခက်တွေ့မယ့်အရေးအပေါ်ကို တာဝန်ရှိသူတွေက တွေးပြီးစိုးရိမ်မှုတွေလည်းရှိနေကာ နည်းပြသစ်ခန့်အပ်ဖို့အတွက်တော့ အလေးအနက်ထားစဉ်းစားရဖွယ်ရှိမယ်လို့ The Guardian က ဖော်ပြခဲ့ပါတယ်။
အသင်းအတွက် ကစားသမားကောင်းတွေလိုအပ်တယ်လို့ တောင်းဆိုခဲ့တဲ့ ဆိုးလ်ရှားကို ဒီရာသီမှာ ဗာရန်း၊ ဆန်ချိုနဲ့ ရော်နယ်ဒိုတို့လို ထိပ်တန်းကစားသမားတွေကို ခေါ်ယူပေးခဲ့ပေမယ့် ထူးခြားပြောင်မြောက်တဲ့လုပ်ရပ်မျိုးကို ဆိုးလ်ရှားက မလုပ်ပြနိုင်ခဲ့ဘဲရှိနေခဲ့ပါတယ်။ လီဗာပူးလ်နဲ့ပွဲမှာ ယူနိုက်တက်ရဲ့ အဆင့်အတန်းကို ကွက်ကွက်ကွင်းကွင်းမြင်တွေ့ခဲ့ရပြီးနောက် ပရိသတ်တွေကပါ ဆိုးလ်ရှားကို နုတ်ထွက်ဖို့၊ ထုတ်ပယ်ဖို့အတွက်တောင်းဆိုနေကြပြီဖြစ်ပါတယ်။