နည်းပြသစ်အဖြစ် စတင်တာဝန်ယူရတော့မှာပါ။

ဘုန်းမောက်မှာ လူငယ်နည်းပြတစ်ဦးအနေနဲ့ လက်စောင်းထက်ခဲ့တဲ့ ဟိုဝီဟာ ငှက်ကျားတွေရဲ့ ပဲ့ကိုင်ရှင်အသစ်ဖြစ်လာခဲ့ပြီး ပိုင်ရှင်သစ်တွေရဲ့ အမြင့်ပျံရေးခရီးစဉ်မှာ တစိတ်တပိုင်းပါဝင်ရတော့မှာဖြစ်ပါတယ်။


နယူးကာဆယ်အသင်းဟာ နည်းပြသစ်အဖြစ်အက်ဒီဟိုဝီကို တရားဝင်ခန့်အပ်ခဲ့ပြီးနောက် ကစားသမားသစ်လေးဦးအထိ ဇန်နဝါရီမှာ ဝယ်ယူပေးမယ်လို့ ကတိပေးခဲ့ကြောင်း သိရပါတယ်။ ဘုန်းမောက်မှာ လူငယ်နည်းပြတစ်ဦးအနေနဲ့ လက်စောင်းထက်ခဲ့တဲ့ ဟိုဝီဟာ ငှက်ကျားတွေရဲ့ ပဲ့ကိုင်ရှင်အသစ်ဖြစ်လာခဲ့ပြီး ပိုင်ရှင်သစ်တွေရဲ့ အမြင့်ပျံရေးခရီးစဉ်မှာ တစိတ်တပိုင်းပါဝင်ရတော့မှာဖြစ်ပါတယ်။



ဝါရင့်နည်းပြကြီးစတိဗ်ဘရုစ်ကို ထုတ်ပယ်ပြီးနောက် ဟိုဝီကို ခန့်အပ်ခဲ့တာဖြစ်ပြီး နယူးကာဆယ်အသင်းဒါရိုက်တာအာမန်ဒါက ကစားသမားသစ်ဝယ်ယူပေးဖို့ ကတိပေးခဲ့တာပါ။ နှစ်ဦးနှစ်ဖက်ညှိနှိုင်းမှုတွေပြုလုပ်ခဲ့စဉ်မှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး စျေးကွက်အတွင်း အပြောင်းအလဲတွေဖန်တီးပေးမယ်လို့ ပြောဆိုခဲ့ကြောင်းလည်း Express က ဖော်ပြခဲ့ပါတယ်။ 

"ဇန်နဝါရီမှာ အင်အားသစ်အနည်းငယ်ဖြည့်တင်းမှုပြုလုပ်သွားပါမယ်၊ သူတို့ရောက်လာမယ့်အကြောင်း ကျွန်တော့်ကို လာပြောတာက အပြုသဘောဆောင်ပါတယ်" လို့ ဒီအကြောင်းကို သိထားခဲ့တဲ့ နယူးကာဆယ်ဂိုးသမားမာတင်ဒူဘရာကာက ပြောဆိုခဲ့ပါတယ်။ နယူးကာဆယ်ပစ်မှတ်ထားနေတဲ့ ကစားသမားတွေကတော့ ယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ လင်ဂတ်နဲ့ ဗန်ဒီဘိခ်၊ ဘန်လေနောက်ခံလူ တာကောစကီး၊ လီဗာပူးလ်တိုက်စစ်မှူး အော်ရီဂီတို့ဖြစ်တယ်လို့ သိရပါတယ်။

လင်ဂတ်နဲ့ ဗန်ဒီဘိခ်တို့ဟာ ဆိုးလ်ရှားလက်အောက်မှာ ပုံမှန်ကစားခွင့်မရသူတွေဖြစ်ပြီး ခေါ်ယူနိုင်ဖို့အတွက် လွယ်ကူမယ်လို့ ယူဆထားပုံရပြီး ခြေစွမ်းပိုင်းအရလည်း အားကိုးရမယ့်သူတွေဖြစ်ပါတယ်။ တာကောစကီးကတော့ ဘန်လေရဲ့အဓိကကစားသမားဖြစ်ကာ အော်ရီဂီက လူစားဝင်ကစားသမားအဖြစ်နဲ့ အန်ဖီးလ်မှာ အချိန်ဖြုန်းနေရသူဖြစ်လို့ နယူးကာဆယ်ရဲ့ ပစ်မှတ်တွေက ခေါ်ယူနိုင်ဖို့ရာ လွယ်ကူတဲ့ကစားသမားတွေဖြစ်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က