ကားရစ်က ပွဲအပြီးမှာ သရေရလဒ်ကြောင့် ပျော်ရွှင်နေပြီး ကစားသမားတွေကို ချီးကျူးသွားခဲ့တာပါ။

ချဲလ်ဆီးအသင်းအိမ်ကွင်း သရေရလဒ် ရရှိခဲ့တာက မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ကောင်းမွန်တဲ့ ရလဒ်ဖြစ်ပေမယ့်လည်း အဲဒါက ရွိုင်ကိန်းကို အသင်းနဲ့ပတ်သက်ပြီး ပြစ်တင်ဝေဖန်တာတွေ မလုပ်အောင် တားဆီးနိုင်ခဲ့ခြင်း မရှိခဲ့တာဖြစ်ပါတယ်။

ယာယီတာဝန်ယူကိုင်တွယ်နေတဲ့ နည်းပြ မိုက်ကယ် ကားရစ်က ချဲလ်ဆီးအသင်း ချေပဂိုး ရရှိသွားတဲ့ ပင်နယ်တီကို မပေးခဲ့သင့်ဘူးလို့ ငြင်းခုံခဲ့ပြီး စတမ်းဖို့ဒ် ဘရစ်ဂျ်မှာ ပွဲဗျူဟာအတိုင်း အဆုံးသတ်နိုင်ခဲ့တဲ့ ကစားသမားတွေကို ချီးကျူးပြောကြားခဲ့တာဖြစ်ပါတယ်။ ကားရစ်ရဲ့ ပွဲအပြီး အင်တာဗျူးကတော့ တခြားလူတွေအတွက် အဆင်ပြေချင် ပြေနိုင်ပေမယ့် မြင်မြင်သမျှ ပြောစရာဖြစ်နေတဲ့ ရွိုင်ကိန်းအတွက်တော့ အဆင်မပြေနိုင်လောက်ဘူးဆိုတာ အားလုံးလည်း ခန့်မှန်းမိကြမှာပါ။



"အဲဒီ အင်တာဗျူးထဲမှာ သူ ပြောခဲ့တာတွေအားလုံးကို ကျွန်တော် သဘောမတူဘူး။ သူက အစီအစဉ်နဲ့ပတ်သက်ပြီး ပြောတယ်။ ပင်နယ်တီနဲ့ပတ်သက်ပြီး ပြောတယ်။ ပင်နယ်တီပေးခဲ့တာ ဟုတ်တာပေါ့။ သူက ကစားသမားတွေရဲ့အားထုတ်မှုနဲ့ပတ်သက်ပြီး ပြောတယ်။ သူက သူတို့အတွက် ဂုဏ်ယူနေတယ်။ သူ ဒီကစားသမားတွေနဲ့ပဲ လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကတည်းက အလုပ်လုပ်နေခဲ့တာလေ။ သူက အိုလေနဲ့အတူ အလုပ်လုပ်ခဲ့တာ။ သူက နည်းပြခုံတန်းမှာ အိုလေနဲ့အတူ ရှိနေခဲ့ပြီး အခုကျတော့ ရုတ်တရက်ချက်ချင်းကြီး ဒီအပတ်ကျမှ သူတို့အတွက် ဂုဏ်ယူသွားပြီး သူတို့မှာ အစီအစဉ်ရှိခဲ့တယ်တဲ့လား။ တခြားပွဲစဉ်တွေအားလုံးမှာတုန်းကရော"

"အဲဒါက အဓိပ္ပာယ်မရှိပါဘူး။ သူက လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက၊ ပြီးခဲ့တဲ့နှစ်အနည်းငယ်တုန်းက အိုလေနဲ့အတူ နည်းပြခုံတန်းမှာ ထိုင်နေခဲ့တာလေ။ ဟိုဆေး မော်ရင်ညိုနဲ့လည်း အတူတူထိုင်နေခဲ့တာလေ။ ပြီးတော့ ချက်ချင်းပဲ သူက ဒီအပတ်မှာ ကစားသမားတွေအတွက် ဂုဏ်ယူတယ်တဲ့လား။ သူ ဒီကစားသမားတွေနဲ့ပဲ အလုပ်လုပ်နေခဲ့တာလေ"လို့ ပြောကြားခဲ့ပါတယ်။

မိုက်ကယ် ကားရစ်အတွက် တနင်္ဂနွေနေ့ညနေက စတမ်းဖို့ဒ် ဘရစ်ဂျ်မှာ ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ပွဲစဉ်က နောက်ဆုံးကိုင်တွယ်တဲ့ပွဲစဉ်ဖြစ်ကောင်း ဖြစ်နိုင်ပြီး ယာယီနည်းပြ ရန်းနစ်ခ်က အသင်းကို ရာသီကုန်အထိ တာဝန်ယူကိုင်တွယ်သွားတော့မှာ ဖြစ်ပါတယ်။

Share

က္က