၄၈ နာရီအတွင်း ဆိုးလ်ရှား ထုတ်ပယ်ခံရဖို့ရှိနေပါတယ်။

The Sun က ဖော်ပြခဲ့တဲ့ ရေပန်းစားသူတွေစာရင်းမှာ လက်စတာနည်းပြရော်ဂျာက ထိပ်ဆုံးမှာရှိနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ 


ဒီနေ့ ဒါမှမဟုတ် ၄၈ နာရီအတွင်း ဆိုးလ်ရှားကို ယူနိုက်တက်နည်းပြရာထူးကနေ ထုတ်ပယ်တော့မယ်လို့ သတင်းတွေထွက်လာမှုနဲ့အတူ နည်းပြသစ်အဖြစ် ဘယ်သူတွေဖြစ်လာမလဲဆိုတဲ့ ထင်ကြေးပေးမှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ The Sun က ဖော်ပြခဲ့တဲ့ ရေပန်းစားသူတွေစာရင်းမှာ လက်စတာနည်းပြရော်ဂျာက ထိပ်ဆုံးမှာရှိနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ 

ချယ်လ်ဆီးနဲ့ ၁၂ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်သလို နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ ရလဒ်တွေဆိုးရွားခဲ့တဲ့နောက် ဆိုးလ်ရှားအပေါ် ယူနိုက်တက်ဘုတ်အဖွဲ့က စိတ်ကုန်ခမ်းသွားခဲ့ပြီဖြစ်ပါတယ်။ ဝက်ဖို့ဒ်ကို အဝေးကွင်းမှာ ခြေပြတ်၊ ဂိုးပြတ်နဲ့ အရှက်တကွဲရှုံးနိမ့်မှုက ဆိုးလ်ရှားကို မဖြစ်မနေထုတ်ပယ်ရဖို့ဖြစ်လာခဲ့ပြီး မကြာခင်မှာ တရားဝင်သတင်းထုတ်ပြန်ဖွယ်ရာလည်းရှိနေပါတယ်။ 

Betfair က နည်းပြသစ်ရာထူးအတွက် အလေးပေးမှုမှာ ရော်ဂျာကို ၈/၁၅ အထိ ပေးထားခဲ့တာလည်းဖြစ်ပါတယ်။ သူ့နောက်မှာတော့ ဇီဒန်း၊ ပိုချက်တီနို၊ တန်ဟက်ဂျ်၊ ရန်းဂ်နစ်ခ်၊ မာတီနက်ဇ်၊ နာဂယ်စမန်းနဲ့ ဂရေဟမ်ပေါ်တာတို့ရှိနေပြီး ထူးထူးခြားခြားအနေနဲ့ ရော်နယ်ဒိုကိုပါ ထည့်သွင်းထားခဲ့ကာ ၂၅လေး ၁ လေးအထိ ပေးထားခဲ့ပါတယ်။ 

ရော်ဂျာကတော့ လက်စတာကို လက်ရှိမှာ ကိုင်တွယ်နေသူဖြစ်ပြီး နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေဆိုးရွားနေခဲ့သူဖြစ်ပါတယ်။ ဒီအချက်က ယူနိုက်တက်ဘုတ်အဖွဲ့အတွက် စဉ်းစားစရာဖြစ်နေပြီး နည်းပြလောင်းစာရင်းထဲမှာ အသင့်တော်ဆုံးအဖြစ်ရှိနေသူက ဇီဒန်းတစ်ဦးတည်းသာ ရှိနေခဲ့ပါတယ်။ ကျန်သူတွေထဲမှာတော့ ရန်းဂ်နစ်ခ်သာ အသင်းမရှိဖြစ်နေပြီး ကျန်နည်းပြအားလုံးကတော့ သက်ဆိုင်ရာအသင်းတွေနဲ့အတူ ရှိနေကြပါတယ်။ 

ဇီဒန်းကို ခေါ်ယူမယ်ဆိုရင်တောင်မှ သူ့ရဲ့ဇနီးဖြစ်သူက မန်ချက်စတာမှာ နေထိုင်လိုခြင်းမရှိဘူးလို့ သတင်းတွေထွက်နေပြီး ဒါက အဟန့်အတားဖြစ်လာဖွယ်ရှိနေပါတယ်။ ဂလေဇာမိသားစုကတော့ ဇီဒန်းကို အလိုရှိတယ်လို့ သတင်းတွေထွက်နေပြီး ယူနိုက်တက်နည်းပြသစ်က ဘယ်သူဖြစ်လာမလဲဆိုတာ သိပ်မကြာခင်မှာ မြင်တွေ့ရဖို့ရှိနေပါတယ်။ 

Share

က္က